Chapter 13

17 5 0
                                    

အာမခံနဲ့ ထုတ်ယူခွင့်ရရှိဖို့အတွင် အာမခံတင် ပေးပြီး အာမခံပေးမဲ့ လူတစ်ယောက်ကို လိုအပ်တယ်။

ယန့်ဆွေကျီးက သူ့လက်စွပ်ကို လှည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်နဲ့ဆိုလိုက်တယ်။

“ ကျွန်တော် ဒီမှာ ရပ်နေတာ ခံဝန်စာချုပ်က ပြသနာဟုတ်ပါအုံးမလား?”
တရားသူကြီးက ခနတွေးလိုက်ကာ ခေါင်းခါတယ်။

“ ကျွန်တော်တို့အနေနဲ့ ရှေ့နေတွေကို သူတို့အမှုသည်တွေအတွက် ခံဝန်ကြေးပေး ပေးဖို့ နဲ့ အာမခံပေးသူ လုပ်ပေးဖို့ကို အားမပေးပါဘူး။”

ယန့်ဆွေကျီးက မျက်ခုံးပင့်ကာ

“ alliance ရဲ့ ဉပဒေနဲ့အညီ တားမြစ်ထားတာပါလား?”

တရားသူကြီး “ မဟုတ်ဘူး။”

ယန့်ဆွေကျီး “ ဒါဆို ဝိုင်မြို့က စိတ်ကြိုက် ဉပဒေတစ်ခု ချမှတ်ပြီး သုံးစွဲဖို့ လုပ်နေတာပါလား?”

တရားသူကြီး “……..”

ရဲတင်းလွန်းသော အဆိုမဟုတ်ပါလား? ဘယ်သူကများ အဲဒါကို ဖြေရဲပါမလဲ?

ယန့်ဆွေကျီး “ အရာအားလုံးက ဉပဒေအရ လုပ်ဆောင်ရမှာပါ။ ဆိုတော့ ပြသနာ ဟုတ်ပါသေးသလား?”

တရားသူကြီးက မျက်နှာကို သုတ်လိုက်တယ်။
နောက်နှစ်မိနစ်နေတော့ တရားသူကြီးက ခနက သူ့လက်ချောင်းတွေနဲ့ ပွတ်နေတဲ့ တူကို ကောက်ကိုင်ကာ တစ်ချက်တီးလိုက်တယ်။

ဒုန်း!

“ အားလုံး မတ်တပ်ရပ်ပါ။”

ယန့်ဆွေကျီး က မတ်တပ်ရပ်နေပြီးသားဆိုတော့ သူ့ရဲ့ ရှေ့နေဝတ်ရုံကိုပဲ ဆွဲဖြန့်ကာ ခေါင်းမော့လိုက်တယ်။

“ Joshua dale ရဲ့ အာမခံယူခွင့် အငြင်းပွါးမှုနဲ့ပတ်သက်ပြီး တရားရုံးတော်က ကြေငြာချက်..”

ဒီအချိန်မှာတော့ တရားခွင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်ခြင်း လုံးဝစိုးမိုးသွားတော့တယ်။ တရားသူကြီးက ထရပ်တယ်။

သူက တစ်ခန်းလုံးကို ဝေ့ကြည့်ကာ နောက်ဆုံး တရားလို ရှေ့နေနဲ့ ယန့်ဆွေကျီးကို ကြည့်တယ်။ ပြီးနောက် လေးနက်တည်ငြိမ်စွာ ကြေညာလိုက်တယ်။

အထက်တန်း ရှေ့နေ ( ဘာသာပြန် )Where stories live. Discover now