တကယ်တမ်းမှာတော့ အရင်တုန်းက သူတို့နှစ်ယောက်ရဲ့ ဆရာ တပည့်ဆက်ဆံရေးက ဆိုးရွားခဲ့တာမျိုးမဟုတ်ချေ။Maze universityတွင် ထုံးတမ်းဓလေ့တစ်ခုရှိသည်မှာ ကျောင်းစဖွင့်ပြီး မကြာခင် သုံးလဆိုတာနှင့် ကျောင်းသားများကို သူတို့အား တိုက်ရိုက်ဉီးစီးသင်ကြားပေးဖို့ ပရော်ဖက်ဆာတစ်ဦးဦးကို ရွေးချယ်ခိုင်းလေ့ရှိသည်။ ဆိုတော့ကာ ပတ်ဝန်းအကျင်အသစ်နှင့် မကြာခင်ကမှ လိုက်လျောညီထွေဖြစ်လာနေသော ကျောင်းသားများကို မြန်မြန် အခြေချစေပြီး အနာဂါတ်အတွက် အစီအစဉ်တွေကို အတင်းအကျပ် ချမှတ်စေသကဲ့သို့ ဖြစ်သည်။
ဒီအစဉ်အလာမှာ ထူးဆန်းပေ၏ - စာရွက်ပေါ် ချရေးရမယ်ဆိုလျင်ပေါ့။ သို့ပေမဲ့ တကယ်တမ်း အကောင်အထည်ဖော်ရတဲ့အခါတွေမှာတော့ နည်းနည်း ရယ်ရသလို ရှိသည်။
နှစ်စဉ်နှစ်တိုင်း ကျောင်းသားများ ဆရာရွေးချယ်ရမည့်အချိန် ရောက်လာတိုင်း စီနီယာကျောင်းသားတွေက ကျောင်း၏ လျပ်စစ်ပစ္စည်းအရောင်းဆိုင်မှာ စုပြုံနေလေ့ရှိသည်။ တောက်ပနေသည့် မျက်နှာတွေနှင့် သူတို့၏ AI ဖန်တီးမှုများ ပြီးတော့ ရွေးချယ်ပွဲ အတွက် စိတ်ငြိမ်ဆေးဆိုပြီး ဆေးလုံးတွေ၊ တချို့ဆို နာမည်ကြီး ပရော်ဖက်ဆာတွေကို ရရှိနိုင်မည့် အထူးထီတွေထိ ချပြ ရာင်းချကာ စည်ကားလေ့ရှိသည်။ရရှိနိုင်မည့် ဝန်ဆောင်မှုတွေလည်း အတော် များပြားကာ လုပ်ငန်းစဉ် တစ်ခုလုံးက သေချာဆေးသုတ်ထားသည့် စက်ယန္တရားတစ်ခုကဲ့သို့ ဖြစ်၏ (ချောမွေ့)။
မဟုတ်လို့ လုပ်ငန်းစဉ်တွေက ဗရမ်းဗတာ ဖြစ်ချင်လည်း ဖြစ်အုံးတော့ နောက်ဆုံး ရလဒ်က အတူတူနီးပါးပဲဖြစ်သည် - ကျောင်းသားတော်တော်များများက သူတို့အပေါ် ကောင်းသော လွမ်းမိုးမှု ပေးနိုင်သည့် ပရော်ဖက်ဆာတွေကိုပဲ နောက်ဆုံးမှာ ရွေးချယ် လေ့ကြသည်။
ကုယန်၏ အကျင့်စရိုက်နှင့်ဆို ကုယန်က သူ့ကို ထီထိုးပြီး ရွေးခဲ့တာမျိုး မဟုတ်လောက်ဘူးဆိုတာ ယန့်ဆွေကျီးသိ၏။ ကုယန်အနေနှင့်က ရွေးချယ်ခြင်းကို ကျင့်ထုံးနှင့် အညီ လိုက်လုပ်ကာ လေးစားကြည်ညိုရသော ဆရာဖြစ်သူ၏ သင်ပြမှုကို ခံယူနိုင်ဖို့ ခက်ခဲကြမ်းတမ်းသည့် တောင်ကြားလမ်းကို ရွေးချယ်ခဲ့တယ်လို့ ပြောလို့ရသည်။ သို့ပေမဲ့လည်း တစ်ယောက်ယောက်က လမ်းခရီးမှာ ကုထုန်းရွှေ ( ကုကျောင်းသား ) လေးကို ကြွက်ဆိပ်ကျွေးခဲ့တာဖြစ်လောက်မယ်။ အဘယ်ကြောင့်ဆိုသော် သူက အဲဒီတောင်တွေကို စကားတစ်ခွန်းပြောဆိုရသလောက်တောင် မခက်ခဲဘဲ ခုန်ပျံကျော်လွားသွားနိုင်ခဲ့တာကြောင့်ပင်။
YOU ARE READING
အထက်တန်း ရှေ့နေ ( ဘာသာပြန် )
Science FictionMaze university ရဲ့ ဥပဒေကျောင်းက မဟာဌာနမှူး တစ်ယောက်ဖြစ်တဲ့ ငယ်ရွယ်ပြီး အောင်မြင်ကျော်စောတဲ့ ယန့်ဆွေကျီးဟာ အသက် ၂၀ ကျော်အရွယ်ထိ ငယ်ရွယ်သွားအောင် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်းခံထားရတဲ့ ခန္ဓာကိုယ်နဲ့ ပြန်နိုးထလာခဲ့တယ်။ လူတွေက သူ့ကို လွန်ခဲ့တဲ့ လ...