Chapter 9 - business trip (5)

17 7 0
                                    


“ကိစ္စမရှိဘူး....၁၉၇၁၁၈၂”

check in လက်ခံလုပ်ပေးနေတဲ့ ကောင်လေးက နောက်တစ်ခေါက် ပြန်ရွတ်ပေးတယ်။

ယန့်ဆွေကျီးက သူ့ရဲ့ device မျက်နှာပြင်ကို ပြန်ထုတ်လိုက်ကာ ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို ပြန်ကြည့်တယ်။ မှတ်တမ်းက နည်းနည်းလေးပဲရှိပြီး လွန်ခဲ့တဲ့ ရက်တွေမှာ သူ့ကို ဆက်သွယ်လာခဲ့တဲ့ နံပါတ်က နှစ်ခုပဲရှိတယ်။ တစ်ခုက တိုက်ခန်းက ဝန်ဆောင်မှုလုပ်ငန်းမှ သူ့ကိုခေါ်ခဲ့တာဖြစ်တယ်။ ဆိုတော့ တခြားတစ်ခုက……..

သူ့မှာ ဘယ်သူဖြစ်မှန်း ပြောနေစရာတောင် မလိုတော့။

ကုယန်က ဝန်ထမ်းကောင်လေး လှမ်းပေးတဲ့ အခန်းကတ်ကို ယူကာ အကြည့်ကို လှည့်သွားတယ်။

“ နောက်ဆုံးတော့ မင်းချလိုက်တဲ့ဖုန်းက ဘယ်သူ‌ ခေါ်တာမှန်းသိသွားပြီလား?”

“ အဓိပ္ပါယ်ရှိတာပြောစမ်းပါ။ ဖုန်းချလိုက်တဲ့သူကမင်းလေ”

သူတို့က ရှေ့ဆင့်နောက်ဆင့် ဓါတ်လှေကားထဲ ဝင်သွားလိုက်တယ်။

ကုယန်က ခုနှစ်ထပ်ခလုတ်ကိုနှိပ်ကာ ခေါင်းပင်လှည့်မလာပဲ အေးစက်စက်လှောင်ပြောတယ်။

“ ဖုန်းကိုင်လိုက်တာနဲ့ ‘စာချုပ်ထပ်မတိုးတော့ပါဘူး ခင်ဗျ’ဆိုတာနဲ့ စပြောလာတာ.. ငါသာ မချလိုက်ရင် ‘ဝန်ဆောင်မှုကို ကြယ်ဘယ်နှလုံး အမှတ်ပေးချင်ပါသလဲ’ ဆိုပြီး ဆက်မေးနေရမှာလား?”

“ အဲဒါက မင်းမခေါ်လာခင်လေးတင် ငါနေတဲ့တိုက်ခန်းက ဖုန်းနဲ့ ဆက်သွယ်လာမယ်လို့ စာပို့ထားတာ။ မင်းက ကွက်တိကြီး ခေါ်လာတယ်လေ” ယန့်ဆွေကျီးက နှာမှုတ်ရင် ပြန်တုန့်ပြန်တယ်။

“ ဒီဆရာက ဘယ်လို့ အဲလောက်တောင် ယုံကြည်စရာမ‌ေကာင်းအောင် လာတိုက်ဆိုင်နိုင်ရတာလဲ?”

သည်းမခံနိုင်လောက်အောင် ခေါင်းမာပြီး ဆီလျော်မှု မရှိဘူး။

ကုယန်ရဲ့ မျက်နှာက ချက်ချင်းအေးစက်သွားကာ စကားလုံးတောင် ထပ်မထွက်နိုင်တော့တဲ့ထိ စိတ်ဆိုးသွားတယ်။

“ ပြီးတော့…”

ယန့်ဆွေကျီးက နောက်တဖန် ပြန်ဟလာတယ်။

အထက်တန်း ရှေ့နေ ( ဘာသာပြန် )Where stories live. Discover now