Chapter 14 - hospital (1)

20 6 1
                                    

ထိန်းသိမ်းရေးစခန်းမှ သယ်ယူပို့ဆောင်ရေး ကားကို တရားရုံး ကားပါကင်မှာ ထိုးထားတာဖြစ်တယ်။ အစောင့်နှစ်ယောက်ဖြစ်တဲ့ ဂျော့ချ်နဲ့လီက ကားထဲဝင်သွားတယ်။ သူတို့က သေချာထိုင်ရရုံရှိသေး အမြောက်ဆံပစ်လိုက်သလို ဆွီးခနဲ သူတို့ဘေးကနေ ဖြတ်ပြေးသွားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရ၏။

“ အဲဒါ ဘယ်သူလဲ?” လီက တံခါးကို ဆွဲပိတ်လိုက်ပြီး ခါးပတ်ပတ်နေကာမေးတယ်။

ဂျော့်ချ်က အခုလေးတင် ပြေးသွားတဲ့လူကို ကြည့်ကာ တခနစဉ်းစားနေပြီးနောက် ရုတ်တရက်ထအော်တယ်။

“ Joshua Dale”

“ ဘယ်သူ?”

“ အခုလေးတင် ငါတို့ဆီက လွတ်လာတဲ့ Joshua dale လေ”

“ သေစမ်း။ အဲလောက်အနံ့ဆိုးနေတာ အံ့သြစရာမရှိဘူးပဲ။ ငါတောင် အနံ့ဆိုးကူးခံရတော့မလို့”

လုပ်ဖော်ကိုင်ဖက်ဖြစ်သူက လီဗာနင်းလိုက်တဲ့အခါ ကားက ရှေ့ကို ဝူးခနဲ ထွက်သွား‌တော့တယ်။ Joshua နောက်လိုက်နေရင်းနဲ့ ကားက အိတ်စောငွေ့တွေ တပုံကြီး ထုတ်လွှတ်ထားခဲ့တယ်။

အလုပ်အလေ့အကျင့်အရ ဒါမှမဟုတ် အလိုအလျောက်တုန့်ပြန်မှုအစွဲအရ ( conditioned reflex ) သူတို့က ပြေးနေတဲ့လူကို တွေ့ရင်နောက်ကနေ လိုက်ဖမ်းချင်လာတယ်။

သိတဲ့အတိုင်း ခြေနှစ်ချောင်းက ဘီးလေးခုကို မကျော်နိုင်ဘူး။ ဘယ်လောက်မှ မကြာလိုက်ခင်မှာပဲ ကားက အားသကုန်ပြေးနေတဲ့ လူကို လိုက်မီသွားတယ်။

ကားက ပြေးနေတဲ့သူနဲ့ အမြန်နှုန်းအတူသွားလိုက်ကာ မှန်ကို ချလိုက်ပြီး လီကအော်တယ်။

“ ဒေးလ်”

Joshua က သူတို့နှစ်ယောက်ကို တွေ့တာနဲ့ ဗိုက်နာလာတယ်။ သူက ပြေးနေရင်းနဲ့ ပြန်အော်ဆဲတယ်။

“ စောက်ရူးတွေ ငါအာမခံရပြီးပြီမဟုတ်ဘူးလား? ဘာလို့ ငါ့နောက် ထပ်လိုက်နေရတာလဲ?”

လီ “……..”

အဲ့လူ့တိရိစ္ဆာန်လေးက အဒီအောက်တန်းကျတဲ့ ပါးစပ်နဲ့အတူ နောက်ထပ်ရှစ်နှစ်လောက် ထပ်အပိတ်ခံရသင့်တယ်။

အထက်တန်း ရှေ့နေ ( ဘာသာပြန် )Where stories live. Discover now