စိမ်းဒီကိုရောက်ကတည်းက ဖုန်းကိုသေချာ
မကိုင်မိသေးပါ။
အခုမှ ကြည့်မိတော့ မာန့်ဆီကဖုန်းကောတွေအကြိမ်များစွာဝင်ထားသည်။စိမ်း သူ့ကို မေ့ထားမိတာပဲ။
စိမ်း သူ့ကိုဖုန်းပြန်ခေါ်လိုက်ပါသည်။"ဟဲလို မာန်"
"ယုယ...ကိုယ့်ဆီကိုလည်းဖုန်းမဆက်ဘူးကွာ။ဖုန်းဆက်တော့လည်း ယုယကမကိုင်ဘူး။ကိုယ်ဒီမှာစိတ်ပူနေတာ"
မာန့်အသံဟာ ဆူငေါက်ခြင်းမဟုတ်ပေမဲ့ အလိုမကျဟန်ပါနေသည်။
"အင်းပါ မာန်ရယ်။ကျွန်မလည်းဆက်မလို့ပါပဲ။ဖုန်းအားမရှိလို့မဆက်တာပါ"
စိမ်း မုသားစကားသုံးလိုက်မိသည်။
မသုံးလို့လည်းမဖြစ်ပါ။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေမေးလာခဲ့လျှင် စိမ်း
မဖြေချင်ပါ။"ကိုယ် ယုယကိုလွမ်းနေတာ"
"အင်းပါ..ကျွန်မသိပါတယ်"
"ကိုယ့်ကိုရောမလွမ်းဘူးလား"
"ကျွန်မလည်း သတိရပါတယ်"
စိမ်း သူ့အပေါ်မှာ လွမ်းပါတယ်ဆိုတဲ့ မုသားစကားလေးကိုပင်ပြောဖို့ တွန့်ဆုတ်တွေဝေလှပါသည်။
စိမ်းတို့နှစ်ယောက်ကချစ်သူတွေဆိုပေမဲ့
စိမ်းတို့ကြားမှာ ချစ်တယ်ဆိုတဲ့စကားကို
မဆိုဖြစ်ကြပါ။
စိမ်းဘက်ကတော့ သူ့ကိုမချစ်ဘူးဟုခံစားရလို့မပြောခဲ့ခြင်းပါ။သူကတော့ စိမ်းကိုအနေရခက်မှာစိုးရိမ်ခြင်းကြောင့် မပြောခဲ့တာဖြစ်ပါလိမ့်မည်။"ဒါပဲနော်မာန် ။ဘာပြောစရာရှိသေးလဲ။မရှိရင်ဖုန်းချလိုက်တော့မယ်။ရွာမှာက လျှပ်စစ်မီးအခက်အခဲရှိတယ် မာန်။ဖုန်းအားသိပ်မရှိလို့နော်။နောက်မှဆက်လိုက်ပါ"
ဖုန်းပြောရာမှာ အချိန်မကြာသေးသော်လည်း ဆက်ပြောလိုတဲ့ဆန္ဒမရှိတော့ပါ။
သူနဲ့စကားပြောရာတွင် အခါတိုင်းတော့မဟုတ်ပေမဲ့ တစ်ခါတလေ စိတ်မသက်မသာဖြစ်ရသည်။အခုလည်း ထိုခံစားချက်မျိုးကိုရနေပြန်သည်။"အင်းပါ ကိုယ်နောက်မှပြန်ဆက်မယ်နော်"
"ဪ..မေ့တော့မလို့ မာန်။တကယ်လို့ ကျွန်မကိုဖုန်းခေါ်မရရင်လည်းစိတ်မပူနဲ့နော်။ ဒီမှာအလုပ်လေးနည်းနည်းရှုပ်နေလို့"
YOU ARE READING
တွယ်နှောင်ရစ်ငင်(Completed)
Romanceရစ်ပတ်နှောင်ဖွဲ့နေတဲ့ မေတ္တာကြိုးလေးတွေဟာ ထိုမိန်းကလေးဆီကဖြစ်နေဖို့ပဲလိုပါတယ်။