အပိုင်း(၃)

2.4K 181 3
                                    

Unicode

စိမ်းအနီးနားတွင်ကပ်လျက်ထိုင်နေတဲ့ ထိုမိန်းကလေး၏ ကေသာထက်မှ စံပယ်ပန်းတို့၏မွှေးရနံ့သင်းသင်းလေးက နှာဖျားကိုဆွဲဆောင်ကျီစယ်နေသည်။
ထိုမိန်းကလေးသည်ယခင်နေ့တွေနီးတူပင်ထဘီအစင်းကြားကို ခပ်တိုတိုဝတ်ဆင်ထားသည်။အင်္ကျီတွင်တော့ သနပ်ခါးရောင်ရင်ဖုံးလက်ရှည်ကိုခါးတိုဝတ်ဆင်ထား၏။လည်ကတုံးချုပ်ပုံနှင့် ထိုအင်္ကျီ၏ပုံစံဟာအလွန်ပင်ပုံတုံးလွန်းသည်။သို့ရာတွင် ထိုမိန်းကလေးနှင့်တော့အတော်ပင် ကြည့်ကောင်းကာလိုက်ဖက်နေ၏။

မိမိသာထိုအင်္ကျီချုပ်ပုံမျိုးကိုဝတ်လိုက်လျှင် အလွန်ပင် ကြည့်ရဆိုးနေလိမ့်မည်ဟုထင်သည်။

"စိမ်း "

"ဟမ်...ရှင်"

တစိမ့်စိမ့်လေးလှနေသော ထိုမိန်းကလေး၏ အသွင်သဏ္ဌာန်အား ရေးရေးလေးငေးမိရာမှ ထိုမိန်းကလေး၏ နူးညံ့ပျော့ပျောင်းသော ခေါ်သံတစ်ခုကြောင့် ယောင်ယမ်းကာ အသံပြုလိုက်ရသည်။

"ကျွန်မလာတာ စိမ်းအတွက်အနှောက်အယှက်တော့မဖြစ်စေဘူးမလားရှင့်"

'လှလိုက်တာ'

"စိမ်း..."

"ဪ...အင်း"

သူတစ်ခုခုပြောလိုက်တာကိုသိလိုက်သည်။သို့သော် ဘာပြောလိုက်မှန်းမသိလိုက်ပြန်ပါ။ဒုတိယအကြိမ်အတွေးလွန်မိပြန်သည်။
ဒါကလည်း ထိုမိန်းကလေးကြောင့်ပဲမဟုတ်ပါလား။
သူ ပြောလိုက်တဲ့စကားက ဘာပြောလိုက်မှန်းမသိသဖြင့် ပြီးပြီးရောဟုတွေးကာ ပြောလိုက်မိသည်။

"ဪ...ဟုတ်ကဲ့"

တစ်ချက်တစ်ချက်လေအဝေ့တွင် သနပ်ခါးနံ့လေးကိုပါရပြန်သည်။
သေချာကြည့်မိတော့ သူ့မျက်နှာတွင်သနပ်ခါးမခြောက်သေးပါ။
ညီညီညာညာကွက်ထားသော ပါးကွက်များက လှလိုက်တာ။စိမ်းလည်းတစ်ခါတစ်ရံသနပ်ခါးလိမ်းတတ်သည်။သူ့လိုလှလှပပလေးတော့ မလိမ်းတတ်ခဲ့ပါ။
သူသည်ပြောင်ရှင်းကျော့မော့နေသော
လည်တိုင်၌လည်း သနပ်ခါးများလိမ်းကျံထားသေးသည်။

"ကျွန်မလာတာ တကယ်ပဲ စိမ်းအတွက်
အနှောက်အယှက်ဖြစ်စေတာလား"

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now