အပိုင်း(၁၄)

1.7K 172 12
                                    

Unicode

လရာသီအားဖြင့် နတ်တော်လသို့ရောက်နေပြီဖြစ်သဖြင့် အချမ်းလွန်ကဲလှသည်။
အင်္ကျီလက်ရှည်ကို ထူထူဝတ်ကာ ခေါင်းတွင်လည်း မေမေထည့်ပေးလိုက်တဲ့
သိုးမွေးခေါင်းစွပ်ကိုဆောင်းထားရသည်။
ချမ်းအေးလွန်း၍ လက်များကိုလည်း အင်္ကျီထဲတွင်ထွေးထားရ၏။အပြင်ဘက်တွင်မထုတ်ရဲလောက်အောင်ပင် ချမ်းအေးလှသည်။

ဒီအချိန်ဆို စိမ်းအဖိုးသည် တောင်ဘက်အိမ်တွင်စကားစမြည်ပြောကြဆိုကျရင်းမီးလှုံနေကျဖြစ်သည်။လူကြီးတွေစုံခိုက် ရပ်ထဲရွာထဲကအကြောင်းများနှင့် ဟိုတစ်စဒီတစ်စဗဟုသုတရစရာများပါ ညှပ်ပြောတတ်လေ့ရှိသည်။
စိမ်းကတော့ တစ်ခါတလေမှသာ သွားဖြစ်သည်။လူရှုပ်တာကတစ်ကြောင်း၊ပျင်းတာရယ်ကတစ်ကြောင်းနှင့် မသွားဖြစ်ပါ။
သူကတော့ စိမ်းကို သူ့အိမ်ဘက်လာရန်အမြဲခေါ်တတ်သည်။

"အမေသောင်း"

"ဝေး"

"ပြောစရာရှိလို့"

"ပြောစရာရှိတာ တစ်ခါတည်းမပြောဘဲ ကွေ့ဝိုက်နေသေးအေ"

"ကိုကြီးလင်းဟန်ကလေ မနှောင်းတို့အိမ်ဘက်ရောက်နေတာ အမေရ"

မိမိ၏နှလုံးခုန်နှုန်းတွေဆောင့်တက်သွား၏။
သူသည်နောက်တစ်ခေါက်ပြန်လာတာများလား။
ဟိုတစ်ခါ ပြန်သွားတာကို စိမ်းသိလိုက်သည်။

"အဲ့ဒါဘာဖြစ်လို့တုန်း"

"မနှောင်းကို ပိုးနေတာဖြင့်ကြာလှပြီ ။အခုထိလည်း အခြေအနေမထူးသေးဘူး။သမီးသွားအောင်သွယ် ပေးလိုက်မယ် အမေ"

"ရှုပ်ရှုပ်ရှပ်ရှပ်တွေ အမေမကြိုက်ဘူးနော်။ကလေးက ကလေးလိုနေနော်မိထွေး"

"အမေကလည်း သမီးကဘာလုပ်နေလို့တုန်း"

"တစ်ခုခုအသံကြားရင် ညည်းအစ်ကိုတွေအကြောင်းသိတယ်နော်"

"အင်းပါ အမေကလည်း ဒါလေးပြောပြတာကို။ဘာမှလည်းမလုပ်ဘဲနဲ့"

သူတို့သားအမိဘာဆက်ပြောမလဲ ဆိုတာ စိတ်မဝင်စားတော့ပါ။အခု စိတ်ဝင်စားတာက စိမ်းချစ်ရတဲ့မိန်းကလေးသည် အခု
ထိုအမျိုးသားနဲ့အတူရှိနေမှာကို မလိုလားခြင်းပဲ။

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now