'စိမ်းမှာသက်ဆိုင်သူရှိလားဟင်'တဲ့။
စိမ်း ဘယ်လိုပြန်ဖြေရပါ့မလဲ။
သူထံမှာ မိမိတွင်သက်ဆိုင်သူရှိကြောင်းဝန်ခံရမှာကိုစိုးရွံ့နေမိသည်။"စိမ်း"
သူ့မျက်လုံးတွေမှာ မျှော်လင့်ခြင်းအရိပ်အရောင်တွေမြင်နေရတာဘာကြောင့်များလဲ။သူသည် မိမိထံမှ ဘယ်လိုအရာတွေများမျှော်လင့်နေပါသလဲ။
"မရှိပါဘူး"
စိမ်းရဲ့ ဦးနှောက်တို့ သိပ်အလုပ်မလုပ်တော့ပါ။ဒီအဖြေဟာ ဦးနှောက်နဲ့ဖြေမိတာတော့ဟုတ်မယ်မထင်ပါ။
" ဒီရွာမှာ နေရတာပျော်လား စိမ်း"
"အင်း။ပျော်သလိုလိုတော့ရှိပါတယ်။ဘာလို့လဲ"
"ပျော်ရင်အပြီးနေလိုက်ပေါ့လို့"
"ကိုယ့်ဇာတိမှမဟုတ်ဘဲကို မနေနိုင်ပါဘူး"
"အညာကလူတစ်ယောက်ကိုချစ်သူတော်လိုက်ပေါ့ စိမ်းရဲ့။အဲ့ဒါဆို စိမ်းလည်း အညာသူဖြစ်သွားလိမ့်မယ်"
"တို့က အညာသားတွေ မကြိုက်ပါဘူးကွယ်"
"စိမ်းကိုလည်း အညာသားနဲ့ကြိုက်ဖို့မပြောမိပါဘူးလေ"
သူ၏အပြောကြောင့် မိမိ၏စိတ်ဝယ် ရင်ခုန်သံလှိုင်းလေးတွေပြေးလွှားနေ၏။
ဒီစကားရဲ့ အဓိပ္ပာယ်သည် မိမိအား ပိုးကြေးပန်းကြေးပြုခြင်းပင်မဟုတ်ပါလား။သူ့ကို စိမ်းကြည့်မိတော့ ရယ်မလိုပြုံးမလိုမျက်နှာထားနှင့်။
သူ၏ ပါးပေါ်ရှိ သနပ်ခါးကွက်လေးများသည်
လည်း ချွေးထွက်လို့ထင်ရဲ့...
အနည်းငယ် ပျက်စပြုနေသည်။"ညောင်ပင်တောင် ကျော်လာပြီပဲ။သတိမထားမိလိုက်ဘူး"
သူ့ဆီမှ ရုတ်တရက်အသံထွက်လာသည်။
"ဟုတ်တယ်နော်"
"ညောင်းနေပြီလား စိမ်း။ခဏနေရင် ရောက်တော့မှာပါ"
"သိပ်ပြီးလည်းမညောင်းပါဘူး"
"ညောင်းရင်းပြောနော်။ကျွန်မ ချီခေါ်ပေးမယ်"
"တော်ပါ ရှင်နှောင်းရယ်။နှစ်ယောက်စလုံးသွားကျွတ်နေပါ့မယ်"
YOU ARE READING
တွယ်နှောင်ရစ်ငင်(Completed)
Romansရစ်ပတ်နှောင်ဖွဲ့နေတဲ့ မေတ္တာကြိုးလေးတွေဟာ ထိုမိန်းကလေးဆီကဖြစ်နေဖို့ပဲလိုပါတယ်။