အပိုင်း(၁၈)

1.7K 144 5
                                    

Unicode

"ဆွမ်းတော်ဗျို့"

"ဟင်"

အိပ်ရာမှကမန်းကတန်းထလိုက်မိသည်။
ဆွမ်းတော်တောင်လာပြီဆိုမှတော့ အချိန်အားဖြင့်နေမြင့်နေလောက်ပြီ။
ညကမာန့်ဆီကဖုန်းလာပြီးကတည်းက အိပ်လို့မပျော်သဖြင့် မနက်လင်းခါနီးမှအိပ်ပျော်သွားရသည်။ဒါကြောင့်လည်း မနက်တော်တော်နှင့်မနိုးပါ။ဘေးနားမှာ စုမြန်ကတော့ထသွားပြီ။

စိမ်းလည်း အိပ်ရာခင်းအားမြန်မြန်ခေါက်ကာ အိမ်အောက်ကိုအပြေးဆင်းလာလိုက်သည်။

"ငါ့တူမကြီး နိုးပြီလား"

"ဟုတ်ဦးကြီး ။စိမ်း ညကအိပ်မပျော်တာနဲ့မနက်ခင်းပိုင်းမှအိမ်ပျော်သွားတော့ မနက်တော်တော်နဲ့မနိုးတာ"

"တူမကြီးတို့လူငယ်တွေက တယ်လည်းအတွေးများသကိုးကွ။ ဦးကြီးတို့တော့ အိပ်ရာနဲ့ကျောနဲ့ကပ်လိုက်ရင်အိပ်ပျော်သွားတာဗျ"

စိမ်းတို့လူငယ်တွေအတွေးများတာလည်းဦးကြီးကသိနေသေးသည်။အင်းလေ။သူလည်း လူငယ်ဘဝကဖြတ်သန်းလာတာပဲကို။

"မမယု"

"အေး..မိစုမြတ်...ပြောလေ"

"ကျွန်မတို့ ဒီနေ့နေ့ခင်း မြစ်ဟိုဘက်ရွာကို တစ်မိသားစုလုံးသွားကြမှာ
အဲ့ဒါမမယုပါလိုက်ခဲ့ရမှာ"

"ဖိုးဖိုးရောလား"

"ပါတာ‌ပေါ့။
ဘကြီးမြကအဓိကသွားချင်တာလေ"

စိမ်းမှာစိတ်ညစ်သွားမိသည်။စိမ်းမလိုက်ချင်ပါ။အဖိုးကို စိမ်းမပါဘဲတစ်ယောက်တည်းလွှတ်ပြန်ရင်လည်းစိတ်မချပါ။

"ဟူး……"

"ဖိုးဖိုးရော"

"ဟိုးမှာ နေပူစာလှုံနေတယ်"

ခေါင်းတွင် ခေါင်းစွပ်စွပ်ကာ တစ်ဘက်တစ်ထည်ကိုခြုံရင်း စက်ဓားခုံ(နွားစာစဉ်းခုံ)ပေါ်တွင် ထိုင်ကာနေပူလှုံနေသည့်စိမ်းအဖိုးပါ။
အိမ်ကနေပါလာတဲ့ လက်ရှည်အင်္ကျီအထူကြီးတွေရှိတဲ့ကြားမှ အဖိုးသည်အညာသားပုံ
ဖမ်းကာ ထိုသို့ပြုမူတတ်သေးသည်။

"ဖိုးဖိုး"

"ဟေ"

"ဖိုးဖိုးနေ့လယ်ကျ မြစ်အရှေ့ဘက်ရွာလိုက်သွားမလို့ဆို"

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now