အပိုင်း(၂၅)

1.5K 147 9
                                    

Unicode

"ပြောတော့ အစ်မကိုရွာ့အနောက်ဘက်က တမာပင်တန်းတွေဆီလိုက်ပို့မယ်ဆို အိမ်ဘက်တောင်မလာဘဲနဲ့များ"

စိမ်းကိုတမာပင်တန်းတွေရှိရာလိုက်ပို့မယ်ပြောထားခဲ့တာ အရင်နေ့တွေကတည်းကပင်။ ပြောပြီးများမေ့နေသလား။လိုက်မပို့အားသေးလို့လားတော့ မပြောတတ်ပါ။

"စိမ်းကမသွားချင်ဘူးလားလို့လေ။အဲ့ဒါကြောင့်ပါ"

"မသွားချင်ဘဲရှိပါ့မလား နှောင်းရဲ့။တကယ်ပါပဲ။ အိမ်ဘက်ကိုမလာဘဲပစ်ထားနေတာနော်။အရင်လိုမျှော်နေကျလူကရောက်မလာဘူး"

"မအားဘူး စိမ်းရဲ့။ကျွန်မလေအလုပ်တွေတအားရှုပ်နေတာ။မလာတာကလည်း ညနေဘက်တွေအိမ်မှာမရှိတော့ စိမ်းဆီကိုညဘက်မှလာရမှာမို့မလာတော့တာ"

"အစ်မ သိပါတယ်။ မာန်ရှိနေလို့မလာတာဆိုတာ"

မာန်ရှိနေတော့ မျက်နှာပူပြီးမလာချင်တာဖြစ်ပေလိမ့်မည်။
သူ့အနေနဲ့ မာန့်အပေါ်မှာစိတ်ဆိုးဒေါသဖြစ်တာမျိုးလည်းရှိမည်မထင်။မာန့်ကိုတောင်ကြံဖန်ကာ သနား‌နေလိမ့်ဦးမည်။

"မဟုတ်ပါဘူး စိမ်းရယ်။တကယ်မအားလို့ပါ။ဒီမှာ ကြည့်ပါလား ။မနေ့က အမေရွေးခိုင်းထားတဲ့ပဲတွေတောင်အကုန်မရွေးရသေးဘူး"

"အစ်မ ကူရွေးပေးရဦးမလား"

မနေနိုင်စွာ သူရွေးနေတဲ့ထဲက စကောထဲကပဲလေးတွေအား ကိုင်ကြည့်လိုက်သည်။မှိုတက်တဲ့ပဲစေ့လေးတွေရယ်၊အခြမ်းဖြစ်နေတဲ့ပဲစေ့လေးတွေရယ်၊ပဲစေ့အပိန်လေးတွေရယ်။

"ရတယ် စိမ်း။ကျွန်မဘာသာရွေးပါ့မယ်"

"ဘယ်လိုလုပ်ရမလဲ..အစ်မကဘာအလုပ်မှမှမလုပ်တတ်ဘူးဆိုတော့ အစ်မကိုယူချင်ပါ့မလားဆိုတာစိတ်ပူမိတယ်သိလား"

စနောက်ကာ စကားဆိုမိတော့သူကရှက်ပြုံးကလေးပြုံးသည်။

"စိမ်းဘက်ကသာရောင့်ရဲတတ်ရင်ဖြစ်ပါတယ်။ကျွန်မက မချမ်းသာသလို နွမ်းပါးတယ်လည်းမဟုတ်ဘူး။ ကျွန်မမှာ မိဘတွေပိုင်တဲ့လယ်ယာမြေတွေရှိပါတယ်။စိမ်းကို တစ်သက်လုံး ကျွေးထားလို့ရပါရဲ့နော်"

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now