အပိုင်း(၂၇)

1.3K 133 5
                                    

Unicode

ဒီနေ့မာန်ရန်ကုန်ကိုပြန်မှာဖြစ်တဲ့အတွက်
စိမ်းမှာအလုပ်ရှုပ်ရတော့သည်။
အလာတုန်းက ကျောပိုးအိတ်လေးတစ်လုံးသာပါလာတဲ့မာန်သည်အပြန်မှာတော့ အထုပ်အပိုးပေါင်းများစွာနှင့်။
လက်ဆောင်ရထားသောပစ္စည်းများနှင့်
အညာဒေသထွက်အစားအစာများကတော့ သယ်ရတာ အများဆုံးပင်။

"မောင်ထက်မာန်ရေ လမ်းခရီးမှာလည်းဂရုစိုက်ပေါ့ကွာ"

"ဟုတ်ကဲ့ပါ ဖိုးဖိုး။ ကျွန်တော်ဂရုစိုက်ပါ့မယ်ဗျ"

"အေးအေး..ကွာ"

စိမ်းရဲ့အဖိုးကတော့ စိမ်းတို့နှစ်ယောက် ပြတ်စဲသွားတာကိုဘာမှမသိရှာပေ။
မာန်ရောက်လာခါစတုန်းက စိမ်းကိုလာခေါ်တယ်လို့ပဲသိထားသည်။
မနေ့က မာန်ပြန်တော့မယ်လို့ဖိုးဖိုးကိုပြောတုန်းက စိမ်းကိုတောင်လိုက်မသွားဘူးလားဆိုပြီးမေးနေသေး၏။

"ငါ့တူကြီး ဟိုရောက်ရင်လည်း အညာကိုလွမ်းမနေနဲ့ဦးနော်..ဟေးဟေး"

ရယ်သံသွေးကာ စနောက်လိုက်သော ဦးကြီးအား မာန်ကပြုံးပြလျက်

"လွမ်းနေရမှာဗျ။ ကျွန်တော် ဒီရွာမှာပျော်ခဲ့ရတာကို"

"အေးပါကွာ"

"ဦးကြီး အရီးရော"

အရီးသောင်းအားမတွေ့မိသဖြင့် စိမ်းမေးမြန်းလိုက်မိ၏။
သူသာရှိရင် စွာကျယ်စွာကျယ်နဲ့ ဟိုအထုပ်ပြင်ပေးဒီအထုပ်ပြင်ပေးနဲ့ပြီးဦးမယ်မထင်ပါ။
အရီးသောင်းက တစ်အိမ်လုံးမှာ နှံ့နှံ့စပ်စပ်ရှိလှသည်။

"တောင်ဘက်ရွာ ခဏသွားတယ် တူမကြီး။ဘာပြောစရာရှိလို့တုန်းကွဲ့"

"မရှိပါဘူး ဦးကြီး။စိမ်းကမတွေ့မိလို့မေးကြည့်တာပါ"

"အေးအေး တူမကြီး။နောက်ကျနေဦးမယ်နော်။ကားလမ်းဘက်ထွက်စောင့်ကြရအောင်လားကွဲ့"

"ဟုတ်ကဲ့ ခဏနေရင်သွားကြတော့မလို့ပဲ ဦးကြီး"

"အေးအေး ဦးကြီးအထုပ်အပိုး‌တွေ
သယ်ခဲ့မယ်ကွဲ့"

"နေပါစေ ဦးကြီး။သယ်မပေးပါနဲ့။စိမ်းတို့ဘာသာ သယ်လိုက်ပါမယ်။ဦးကြီးကတောထဲသွားရဦးမယ်မလား။ နောက်ကျနေပါဦးမယ်"

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now