ရာသီဥတုသည် နေသာထိုင်သာရှိသည်။
ကျီးငှက်တစာစာနှင့် ပတ်ဝန်းကျင်သည်လည်း သာယာလျက်သည်။
မြောက်လေတသုန်သုန်နှင့် ပတ်ဝန်းကျင်တွင် အေးမြမှုက အသည်းထဲပင်စိမ့်ဝင်နေသည်။"မောင်လင်းဟန်လည်း ရွာကိုအလည်ပြန်လာတာထင်တယ်"
နှောင်း၏မိခင်နှင့် အရီးသောင်းတို့စကားစမြည်ပြောနေကြ၏။
ထိုစကားထဲ၌'လင်းဟန်'ဆိုတဲ့နာမည်ပါလာသဖြင့် နားစွင့်နေမိသည်။ဟိုတစ်နေ့ကမှ လမ်းတွင်တွေ့ခဲ့ရတဲ့ ကောင်လေးမဟုတ်ပါလား။"ဟုတ်ပါ့..ဟိုနေ့ကလည်း ပြန်ရောက်လာပြီးချင်း အိမ်ကိုတန်းလာတာ မသောင်းရယ်"
"အေး..ကောင်လေးက မိနှောင်းကိုတော့အတော်ချစ်ရှာသားပဲ"
"ကျုပ်သမီးကလည်း ဘာတွေမူနေမှန်းမသိပါဘူးတော်..အခုထိပြန်မကြိုက်ဘူးထင်ပါတယ်"
စိမ်းထင်နေသလို ထိုကောင်လေးမှာ နှောင်း
ကိုသဘောကျနေတာပဲ။
နှောင်း ဘက်ကရော ဘယ်လိုသဘောထားရှိနေသလဲ။"ကောင်လေးကတော်ရှာပါတယ်။ညည်းသမီးမိနှောင်းကို နာဝင်အောင်ပြောပေါ့အေ့"
တယ်လည်းပလီလိုက်တဲ့ အရီးသောင်းရယ်လို့ စိတ်ထဲမှ ခပ်ချဉ်ချဉ်တွေးလိုက်မိသည်။သူ့ဘာသာ ပြန်ကြိုက်ကြိုက်မကြိုက်ကြိုက်ပေါ့လေ။သူနဲ့ဘာဆိုင်တာမှတ်လို့ကို။
"မပြောချင်ပါဘူး မသောင်းရယ်။ကျုပ်သမီးက ကလေးမှမဟုတ်တော့တာ။သူ့လက်တွဲဖော်ကို သူ့ဘာသာရွေးချယ်ပါစေ"
ဒီနေရာမှာတော့ သူ့မိဘတွေသည် စိမ်းရဲ့မိဘတွေထက် သဘောထားကြီးသွားပြီ။စိမ်းမှာတော့ ငယ်ငယ်ကတည်းက မိဘစကားလွန်ဆန်နိုင်ခဲ့တာရှားသည်။
မာန်နဲ့တွဲခဲ့ရတဲ့ကိစ္စမှာလည်း မိဘတွေရဲ့ဆန္ဒကြောင့်သာ တွဲခဲ့ရခြင်းဖြစ်သည်။အချစ်ဆိုတာ ဘာမှပင်သိခွင့်မရသေးချိန် စိမ်းသည် အချိန်တန်ရင်သူနဲ့ယူရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ရှင်သန်လာကာ သူ့ကိုပဲချစ်သူအဖြစ်ရွေးချယ်လိုက်ရသည်။စိမ်းချစ်ရတဲ့ မိန်းကလေးမှာ အခုလိုသဘောထားကြီးတဲ့မိဘတွေရှိနေတာကံကောင်းလိုက်တာ။
ပထမဆုံးအကြိမ် စိမ်းချစ်ရတဲ့မိန်းကလေး၏ဘဝကို အားကျမိခြင်းသာဖြစ်သည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်(Completed)
Storie d'amoreရစ်ပတ်နှောင်ဖွဲ့နေတဲ့ မေတ္တာကြိုးလေးတွေဟာ ထိုမိန်းကလေးဆီကဖြစ်နေဖို့ပဲလိုပါတယ်။