အပိုင်း(၃၁)

1.4K 141 13
                                    

Unicode

စိမ်းသည် ရန်ကုန်သို့ပြန်ရောက်ရောက်ချင်း မေမေ့ဆီအရင်သွားခဲ့သည်။

ပထမဆုံးမေမေ့ကိုအရေးပေါ်အခန်းမှာ ရုပ်ပျက်ဆင်းပျက်‌တွေ့လိုက်ရသဖြင့် အလွန်ထိတ်လန့်ခဲ့ရသည်။
ထို မြင်ကွင်းဟာ ယခုထိမျက်လုံးထဲမှာစွဲလို့ရှိနေသေးသည်။
ယခုထိလည်းတုန်လှုပ်မိနေဆဲ။

မေမေ့ကိုမနက်ဖြန်ခွဲစိတ်မှာလို့သိရသည်။
ဆရာဝန်ပြောချက်အရ မေမေ့အခြေအနေသည် စိုးရိမ်ရတဲ့အနေအထားမှာရှိနေသည်။
ခွဲစိတ်ရင်တောင် ၅၀/၅၀ဆိုတဲ့အနေအထားမှာဖြစ်လို့ စိမ်းတို့မိသားစုအတွက်တော့ များစွာပူဆွေးစိတ်သောကရောက်လှသည်။

မနေ့ကတည်းက ကားပေါ်မှာလည်းတစ်ညလုံးအိပ်မပျော်ခဲ့ပါ။
ဒီနေ့ညလည်း အိပ်ပျော်မည်မထင်။
တစ်ညလုံးငိုထားရလို့ ပင်ပန်းနေတဲ့ဒဏ်ရယ်၊ဒီနေ့မနက်မှာတွေ့ရတဲ့ အရေးပေါ်အခန်းထဲကမေမေ့ကိုမြင်ပြီးငိုထားတဲ့အရှိန်ရယ်က လူရောစိတ်ရောပင်ပန်းလှသည်။

ဒီလိုအပူတွေများနေတဲ့ကြားမှ စိမ်းသည် ချစ်ရသူကိုအမှတ်ရဖြစ်အောင်ရမိပြန်တော့
မေမေ့ကိုအားနာမိသည်။

အခုအချိန်ဆို သူဘာလုပ်နေမလဲ။စိမ်းကိုရော လွမ်းဆွတ်သတိရနေပါ့မလား။
ခဏလေးမေ့ပျောက်ထားတာကိုပင်မရပါ။
အတွေးထဲမှာ မေမေ့တလှည့် ချစ်ရသူကတစ်လှည့်ဝင်ရောက်လာသည်။

'လွမ်းလိုက်တာ ရှင်နှောင်းရယ်'

သူ့အကြောင်းတွေးမိရုံမျှဖြင့် အလွမ်းတွေသည်ပိုတိုးလာခဲ့သည်။
သူနဲ့အတူရှိခဲ့တဲ့ အမှတ်တရတွေသည် အတွေးထဲတဝဲလည်လည်ရှိလှသည်။အတူတူရှိစဉ်က ပြောစကားလေးများအားပြန်ကြားမိတော့ယဲ့ယဲ့လေးပြုံးလိုက်မိသည်။

'ရှင်‌နှောင်းတဲ့။
အမည်နာမလေးကပဲ လွမ်းစေသလားကွယ်။
မင်းနာမည်လေး တမိရုံမျှနဲ့ အစ်မမှာလွမ်းလိုက်ရတာ။တနင့်တပိုးပါလားကွယ်'

"သမီး"

အတွေးစတို့အားရပ်တန့်လိုက်ရင်း မျက်ရည်များအားသုတ်လိုက်သည်။

"ဟုတ် ဖေဖေ"

"သိပ်လည်းခံစားမနေပါနဲ့ သမီးရယ်။သမီးမေမေ အဆင်ပြေမှာပါ"

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now