ကျေးငှက်သံတစာစာနှင့် နိုးထလာရတဲ့မနက်ခင်းလေးသည် လှပနေတော့၏။
လမ်းမကြီးဘက်မှကြားနေတဲ့ရတဲ့ နွားလှည်းများမှ ချူသံခလောက်သံ တစ်ညံညံကလည်း မနက်ခင်း၏တေးသံသာတစ်ခုလိုပင်ဖြစ်နေလေသည်။
ဒီအချိန်ဆို တောသူတောင်သားတို့ နွားလှည်းတစ်စီးနှင့် အလုပ်ခွင်ဝင်နေချိန်ဖြစ်သည်။
စိမ်းလည်းအရင်ကလို အိပ်ရေးမမက်တော့ပေ။ရွာကလူတွေနည်းတူစောစောထတတ်တဲ့အကျင့်ရှိလာခဲ့လေပြီ။
'မုဆိုးနားနီးမုဆိုး၊တံငါနားနီးတံငါ'ဆိုတဲ့စကားဟာ သိပ်မှန်လေသည်။စိမ်းအောက်ကိုဆင်းလာလိုက်တော့ မနက်စာပင်စားနေပြီဖြစ်တဲ့ဖိုးဖိုးကိုတွေရသည်
"ဖိုးဖိုး မနက်စာတောင်စားနေပြီလား"
စိမ်းရဲ့အဖိုးသည် အညာသားပီပီဝီရိယကောင်းလှသည်။ ဟိုအရင်ကတည်းက အိမ်မှာဆိုလည်း တစ်အိမ်လုံးတွင်အဖိုးကအရင်ဆုံးအိပ်ရာထတတ်သည်။
"စားနေပြီ ငါမြေးရေ..ဟေးဟေး။ပဲပြုတ်နဲ့ ထမင်းကြော်လေးရယ် ဗူးသီးကြော်ပူပူလေးရယ်နဲ့ စားကောင်းသကွ"
အဖိုးက အားရပါးရစားရင်း စိမ်းရဲ့အပြောအားထိုသို့ခွန်းတုံ့ပြန်လေသည်။
စိမ်းမှာ အဖိုးစားနေတာကိုကြည့်ရင်းဗိုက်ဆာလာရတော့သည်။"ငါ့မြေးလည်း ဗိုက်ဆာရင်စားတော့လေကွယ်"
စိမ်းအဖိုးသညါ ရေနွေးကြမ်းတစ်ခွက်ကိုသောက်ရင်း ထမင်းဆက်ကာစားနေတော့သည်။စိမ်းကတော့ ထမင်းစားရင်းရေသောက်တတ်တဲ့အကျင့်မရှိပါ။
"ခဏနေမှ စားရမလားလို့ ဖိုးဖိုး"
"ငါ့မြေးသဘောပဲ။ဖိုးဖိုးကတော့ လင်းရင်းဗိုက်ဆာတတ်သကိုးကွဲ့"
"ဒူ..ဒူ"
"ဖိုးဖိုး ။မေမေ့ဆီကဖုန်းလာတယ်။ဘာပြောဦးမလဲ"
စိမ်းသည် မေမေနဲ့သိပ်ပြီးဖုန်းမပြောချင်ပါ။ဖုန်းပြောတိုင်း မာန်နဲ့ကိစ္စကိုပဲခဏခဏပြောသည်။ဒါကြောင့်လည်း မေမေ့ဆီကဖုန်းလာတိုင်း ဖိုးဖိုးနှင့်သာလွှဲထားတာများသည်။
"ထမင်းစားပြီးမှ ပြောမယ်ကွယ် ။ငါ့မြေးအရင်ပြောနှင့်လိုက်ပါလား"
YOU ARE READING
တွယ်နှောင်ရစ်ငင်(Completed)
Romanceရစ်ပတ်နှောင်ဖွဲ့နေတဲ့ မေတ္တာကြိုးလေးတွေဟာ ထိုမိန်းကလေးဆီကဖြစ်နေဖို့ပဲလိုပါတယ်။