အပိုင်း(၁၇)

1.8K 151 6
                                    

Unicode

ကောင်းကင်၌လခြမ်းကွေးကွေးလေးသည် သူ့အလင်းရောင်မှိန်မိန်ကလေးကိုအားပြုရင်းည၏အလင်းဓာတ်ကိုပံ့ပို့ပေးနေ၏။
မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေးများကလည်း ကောင်းကင်တွင်လှပစွာနေရာယူလျက်ရှိသည်။မိုးသားတိမ်တိုက်တို့ကင်းစင်ကာ ကောင်းကင်၏အလှအပကိုအပြည့်အဝခံစားနေမိသည်။တိုက်ခတ်နေသော
မြောက်ပြန်လေးများက ဆောင်းရာသီ၏ ပန်းပေါင်းစုံရနံ့များကိုသယ်ဆောင်ပေးနေပြန်သည်။
လရာသီကပြာသိုလရောက်နေပြီဖြစ်သဖြင့် ခွာညိုတွေလည်းလှိုင်လှိုင်ပွင့်နေလေပြီ။
ပန်းပေါင်းစုံကိုစိုက်ပျိုးတတ်တဲ့ စိမ်းရဲ့ကောင်မလေးအိမ်မှာ ခွာညိုများဟာလည်း အစီအရီဖူးပွင့်နေပုံမှာလှပစွာ။
ခွာညိုပန်းရုံအနီးမှ ကရမတ်ပင်ကတော့ အဖူးလေးတွေလှိုင်လှိုင်ပေါတုန်းသာရှိနေသေး၏။
ခြံစည်းရိုးခြေတွင်ကပ်လျက်စိုက်ထားသော ဆောင်တော်ကူးပန်းများသည်လည်း အဖူးကလေးတွေသာရှိနေသေးသည်။
အခြားသော ပန်းကလေးများမှာလည်း လရဲ့အလင်းမှန်မှိန်ကလေးအောက်တွင်အရောင်အသွေးစုံစွာဖြင့်လှပနေပါသေးသည်။
ထို အလှတွေထက်ပိုသာတဲ့ အလှကလေး
ကတော့ စိမ်းရဲ့အနီးအနားက အချောအလှလေးဖြစ်တဲ့ စိမ်းရဲ့ချစ်ရသူမိန်းကလေးပါပဲ။

"ရှင်နှောင်း"

"ရှင်"

"ပန်းတွေ အားလုံးက နှောင်းစိုက်တာလား"

"ဟုတ်တယ်စိမ်း။ကျွန်မစိုက်တာ"

"အစ်မကတော့ အပင်စိုက်ရတာ ဝါသနာမပါဘူးလို့ဆိုရမယ်"

သူသည်ခွာညိုပင်ကခွာညိုပန်းခိုင်ကို ချိုးယူကာ အခိုင်ကြီးကြီးကို ခွာညိုစင်ပေါ်တွင်တင်လိုက်သည်။ အခိုင်သေးသေးလေးကိုတော့စိမ်းရဲ့နားကြားသို့ပန်ပေးသည်။
စိမ်းရဲ့မျက်နှာမှာ ရှက်သွေးဖြားနေမှာသေချာသည်။အလင်းမှိန်မှိန်ကလေးကိုတော့ဒီတစ်ခါကျေးဇူးတင်မိသွားသည်။

"စိမ်း"

"ပြောလေနှောင်း"

"ပန်းတွေက အကုန်အစုံမပွင့်သေးဘူး စိမ်းရဲ့။မနက်က အိမ်ကဘုရားမှာ ပန်းတစ်ခိုင်ကပ်တယ်။ ရွာကျောင်းနှစ်ကျောင်းအတွက်လည်း အမေ့ကိုလှူခိုင်းပြီးပြီး။ အခုက စိမ်းကို ပထမဆုံးပေးတာပဲ။ စိမ်းပြန်ရင် စင်ပေါ်က ပန်းခိုင်ယူသွားဦးနော်။ဘုရားပန်းကပ်ချင်လည်းကပ်ပေါ့"

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now