အပိုင်း(၃၂)

1.4K 148 11
                                    

Unicode

စိမ်း အိပ်ဆေးတွေသောက်ခဲ့တဲ့နေ့က
ဆေးရုံရောက်ခဲ့ရသည်။
အသက်ကိုလည်းမနည်းကယ်ခဲ့ရတယ်လို့ သိရသည်။
မေမေကတော့ စိမ်းကိုမိုက်မဲလိုက်တာလို့ပြောရင်းတဖွဖွငိုခဲ့ရှာသည်။
စိမ်း အဲ့ဒီနေ့ကိုနောင်တမရမိပါ။
စိမ်းကိုယ်တိုင်အသက်မရှင်ချင်တော့လို့ သတ်သေဖို့ကြိုးစားခဲ့တာပဲ။

"သမီး ထမင်းစားတော့လေ"

"တော်ပြီမေမေ စိမ်း စားချင်စိတ်မရှိဘူး"

မေမေသည် စိမ်းထိုင်နေတဲ့အနားသို့ရောက်လာသည်။
စိမ်းထရန်ပြင်လိုက်ပါသည်။

"ဘယ်အထိ မေမေ့ကိုအရွဲ့တိုက်နေမှာလဲ"

"စိမ်းမေမေ့ကို ဘာတွေများအရွဲ့တိုက်မိလို့လဲ"

"မေမေ့ကို ရှောင်နေတာတွေ စကားမပြောချင်မဆိုချင်လုပ်နေတာတွေက အရွဲ့တိုက်နေတာမဟုတ်လို့ ဘာလဲသမီး"

"အရွဲ့တိုက်နေတာ မဟုတ်ပါဘူးမေမေရယ်။စိမ်းနဲ့မေမေနဲ့ စကားပြောမိကြရင် ဘာကောင်းကျိုးမှ ရှိမလာနိုင်လို့ တမင်ရှောင်နေတာပါ"

ပြဿနာတွေဖြစ်ပြီးနောက် စိမ်း မေမေ့ကိုဟုတ်တိပတ်တိစကားမပြောပါ။
ဖြစ်ပျက်ခဲ့တဲ့အရာ‌ေတွအတွက်မေမေ့ကို စိတ်ဆိုးမိသည်။

"ဘာလဲ သမီး။ သမီးကို အဲ့ဒီမိန်းကလေးဆီလွှတ်မှ မေမေ့ကိုစိတ်ဆိုးပြေမှာလား"

"မေမေ့ကို စိတ်ဆိုးနေတာမဟုတ်ဘူးမေမေ။မေမေလုပ်ခဲ့တဲ့အရာတွေအတွက် စိတ်ထဲမှာအဖုအထစ်ဖြစ်နေလို့ပါ"

"အဲ့ဒီ အဖုအထစ်တွေက ဘယ်လိုလုပ်ပေးမှကျေမှာလဲ သမီး"

စိမ်းမှာအဖြေမရှိပါ။
စိမ်းချစ်တဲ့သူနဲ့သဘောတူပေးမှ ကျေအေးနိုင်မယ်လို့ဆိုပြန်ရင်လည်း မေမေ့အတွက် ရယ်စရာကောင်းတဲ့အဖြေမျိုးဖြစ်နေဦးမည်။
ကလေးဆန်တဲ့တောင်းဆိုမှုလို့လည်း မှတ်ချက်ချလိမ့်ဦးမည်။

"မေမေမေးမယ်။ အဲ့ဒီမိန်းကလေးနဲ့ သမီးကိုတသက်လုံးသဘောမတူဘူးဆိုရင်
သမီးမေမေ့ကိုဘာလုပ်မှာလဲ"

"မေမေ့ကိုဘာမှမလုပ်ပါဘူး။စိမ်းရဲ့ ဘဝတစ်လျှောက်လုံးကတော့ အလွမ်းတွေ၊အထီးကျန်မှုတွေနဲ့ကုန်ဆုံးရမှာပေါ့မေမေရယ်"

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now