အပိုင်း(၁၁)

1.8K 155 4
                                    

Unicode

မှောင်ရိပ်ပျိုးစ အချိန်အခါလေးဝယ် မိမိသည် ချစ်ရသူကို မျှော်လင့်စောင့်စားနေမိသည်။

စိတ်တွေသည်လည်း သူလာနေကျ မှောင်ရီပျိုးစအချိန်အခါလေးကိုသာ မျှော်နေတတ်တော့သည်။
တစ်နေ့လုံးလည်း ဘာအလုပ်မှမရှိသဖြင့် သူ့အကြောင်းလေးများကလွဲပြီးတွေးတောစရာကရှိ‌မနေပြန်တော့ပိုလို့ပင်ခက်လှသည်။

"မိဝါရေ...ကလေးလေးရေ"

"ဘယ်ရောက်နေလဲ"

"မြောင်....မြောင်"

သူ့ကြောင်လေးကိုခေါ်နေတာဖြစ်မည်။
ကြောင်လေးကလည်းဒီအချိန်ကြီးဘယ်များအလည်လွန်နေသလဲမသိပါ။
သူသည် တစ်ခါတစ်ရံဆို ကြောင်လေးတွေ၊ခွေးလေးတွေနှင့်လည်းဆော့ကစားတတ်သသည်။

"စုမြတ်ရေ.. မိဝါလေး စာမြတ်တို့အိမ်ဘက်မလာဘူးလား"

စိမ်းတို့အိမ်ဘက်ကို သူရောက်လာသည်။
သူသည်တောထဲကပြန်လာခါစထင်သည်။တောဝတ်တောစားပင်မလဲရသေးပါ။
ခေါင်းပေါ်တွင် ခမောက်ကလေးကိုလည်း မချွတ်ထားသေးပါ။

"အိမ်ဘက်တော့ မလာဘူး မနှောင်း။ပျောက်နေလို့လား"

"ပျောက်တာလား၊အလည်လွန်နေတာလား မသိပါဘူး စုမြတ်ရယ်။ဒီမှာစိတ်ပူလှပြီ"

သူသည် စိမ်းကိုမြင်‌သော်လည်းရေးရေးလေးသာပြုံးပြသည်။
သူ့ကြောင်လေးပျောက်လို့ သောကဖြစ်နေတာကြောင့်ဖြစ်မှာပါ။

"နှောင်း ကြောင်လေးပျောက်နေလို့လား"

"ဟုတ်တယ် စိမ်း။အရင်ရက်တွေကဆို ကျွန်မပြန်လာရင်ကြိုနေကျပါ။ဒီနေ့အိမ်မှာမတွေ့လို့လေ"

သူ့မျက်နှာအမူအရာလေးမှာ စိတ်ပူနေဟန်ရှိသည်။

"ကျွန်မသွားလိုက်ဦးမယ်နော် စိမ်း။မိဝါကိုလိုက်ရှာရဦးမှာမို့"

"ဘယ်သွားရှာမှာလဲ ရှင်နှောင်း။အစ်မပါလိုက်ခဲ့မယ်လေ"

မိုးနည်းနည်းချုပ်နေသဖြင့် သူ့ကိုအဖော်ရစေရန် စိမ်းပါလိုက်သွားဖို့ပြောလိုက်သည်။
သူ့ကိုလည်း စိတ်မချတာလည်းပါသည်။

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now