Unicode
မာန်နဲ့ ဖုန်းပြောပြီးကတည်း မိမိရဲ့စိတ်တွေသည် မကြည်လင်တော့ပါ။
စိမ်း ဒီရွာရောက်ပြီးသည့်နောက်တွင် မာန်သည် လက်ထပ်ဖို့အကြောင်းကို၂ခါတိတိပြောခဲ့သည်။
အဆင်သင့်မဖြစ်သေးကြောင်းကလွဲပြီး စိမ်းမှာ အခြားအကြောင်းအရာကိုမပြောပြနိုင်ခဲ့ပါ။အိမ်အောက်ထပ်မှဖိုးဖိုး၏ ရေဒီယိုလေးမှပျံ့လွင့်လာတဲ့ သီချင်းလေးက'ဝတ်မှုန်'တဲ့။
အခုလို ညနေခင်းလေးမှာ သံစဉ်အေးအေးလေးတွေနဲ့ လိုက်ဖက်လွန်းနေသည်။သီချင်းသံစဉ်တွေကလူတွေရဲ့စိတ်ကိုနူးညံ့အောင်ဖန်တီးနိုင်စွမ်းရှိတာကိုတော့ တကယ်လက်ခံမိသည်။ခုနက မာန့်ကြောင့် နွမ်းညစ်နေတဲ့စိတ်တွေသည် သီချင်းတစ်ပုဒ် သံစဉ်လေးတစ်ခုကြောင့် ချက်ချင်းကြည်လင်သွားရသည်။မိုးကောင်းကင် ကြည်ပြာအောက်မှာ
ကောင်းခြင်းတွေ ပေါင်းစုစည်းကာ
သူ့ထက်ပိုကဲလှသူ
ရှိတော့ဖြင့် ရှိလိမ့်မယ်
အေးမြတဲ့ အပြုံးပိုင်ရှင်ရယ်ထိုမိန်းကလေး၏ ဆွဲမက်ဖွယ် မခို့တရို့အပြုံးလှလှလေးကိုမြင်ယောင်နေမိနေတာ ဆန်းလေခြင်းလား။
တောင်းဆုတွေပြည့်ဝခဲ့သူ
နူးညံ့တဲ့ နှလုံးသားနဲ့အတူ
စွဲမက်ဖွယ့် စကားနဲ့ဆင့်ကာ
တုယှဉ်ပြိုင်လာလို့နှိုင်းရင်
ရှုံးကြမှာပဲရင်ထဲရှိ ရှိသမျှပြောပြရရင်
တကယ်လှတယ်
မြင်သူတကာငေး ငေးလောက်အောင်
လှရက်လို့
ချူလိုသူတွေလက်ထဲမှာ
အလှမပျက်အောင်
ဆုတောင်းတယ် မိန်းကလေးရယ်
ပန်းကလေးလို လှတဲ့ချစ်သူရယ်...သီချင်းဆုံးသွားပေမဲ့ အတွေးထဲတဝဲဝဲလည်လည်နှင့် သူ့မျက်နှာလေးကိုမေ့ဖျောက်မရလှပါ။
တရစ်ရစ်တိုးလို့ ငြိတွယ်မိသူဟာ ကိုယ်ပါလေ။တဖြည်းဖြည်းတိုးလို့ငင်လာတဲ့မေတ္တာကြိုးတွေကို မရှောင်တိမ်းနိုင်ခဲ့ဘူး။စိမ်းရဲ့ နှလုံးသားတစ်စုံသည် ထိုမိန်းကလေးထံအပ်နှံ့မိသွားခဲ့လေပြီ။'သူရှိနေမလား'
သူ့ကိုတွေ့လို့တွေ့ရငြား ပြတင်းပေါက်ကိုဖွင့်ကာ သူ့အိမ်ဘက်သို့ကြည့်လိုက်မိသည်။
စိမ်းရဲ့ နှလုံးသွေးကြောတွေ ခုန်ပေါက်လာခဲ့သည်။စိမ်း ချစ်ရတဲ့ထိုမိန်းမလှလေး။
YOU ARE READING
တွယ်နှောင်ရစ်ငင်(Completed)
Romanceရစ်ပတ်နှောင်ဖွဲ့နေတဲ့ မေတ္တာကြိုးလေးတွေဟာ ထိုမိန်းကလေးဆီကဖြစ်နေဖို့ပဲလိုပါတယ်။