အပိုင်း(၂၃)

1.5K 147 9
                                    

Unicode

"ဗျို့..ဘကြီးမြ"

အိမ်မှာစိမ်းကလွဲပြီး ဘယ်သူမှမရှိပါ။ အရီးတို့မိသားစုကတော့ သူတို့စိုက်ခင်းတွေထဲကိုမနက်အစောကြီးကတည်းကထွက်သွားခဲ့ကြ၏။စိမ်းအဖိုးကတော့ ဥပုသ်နေ့မို့
ဘုန်းကြီးကျောင်းကို အစောကတည်းကသွားနှင့်နေပြီဖြစ်သည်။

"ဘကြီးမြ...ဧည့်သည်ဗျို့"

မနက်ကတည်းကအရီးသောင်းသည်ရွှေကြီးသာကြောင်းကို တတွတ်တွတ်ပြောနေသေးသည်။ ရွှေကျီးသာရင်ဧည့်သည်လာတတ်တယ်ဆိုတဲ့ စကားကမှန်နေသည်ထင်၏။
အိမ်အပေါက်ဝကနေအော်ခေါ်နေသည်မို့ စိမ်း မနေနိုင်စွာ အပြင်ထွက်လိုက်မိသည်။

"ဖိုးဖိုးက မရှိ.."

"ယုယ"

နောက်ဆက်တွဲစကားများသည် ထပ်ပြီးထွက်မလာနိုင်တော့ပေ။ စိမ်းရှေ့မှာ ရပ်နေတဲ့အမျိုးသားသည် မာန် ဖြစ်နေကြောင်းသိလိုက်ရတဲ့အချိန်မှာ စိမ်းရဲ့စိတ်တွေသည်ဖရိုဖရဲဖြစ်သွားခဲ့တော့သည်။
လေးလံလို့လာသည်။

'ရွှေကျီးသာပေမဲ့ ဧည့်ကောင်းတော့မဟုတ်ခဲ့ပြန်ဘူး'

"တူမကြီးတို့ဧည့်သည်လားကွဲ့...ကားပေါ်ကဆင်းပြီးဘယ်မှမသွားတတ်ဖြစ်နေတာနဲ့ ဦးလေးကခေါ်လာပေးခဲ့တာ"

"ဟုတ်ကဲ့...ကျေးဇူးပါရှင့်"

သူ့ကိုလမ်းပြပေးခဲ့သောဦးလေးကြီးအား ဝတ်ကျေတန်းကျေ ပြုံးပြနှုတ်ဆက်လိုက်ရ၏။

"အေးအေး တူမကြီး..ဒါဆို ဦးလေးပြန်တော့မယ်ကွယ်"

"ဟုတ်ကဲ့ပါရှင့်"

"မောင်ရင်ရေ..ဦးလေးပြန်လိုက်ဦးမယ်ကွဲ့"

"ဟုတ်ကဲ့ပါဗျ...ကျေးဇူးပါ ဦးလေး"

ထိုဦးလေးကြီးပြန်သွားသည်အထိ စိမ်းသူ့ကိုစကားမပြောမိသေးပေ။
မပြောမိဆို စိမ်းမှာသူ့ကိုပြောစရာစကားရှိမနေပေ။ ဘာလို့လိုက်လာတာလဲဆိုတဲ့မေးခွန်းကလွဲပြီး အခြားဘာမှမေးစရာရှိမနေခဲ့ခြင်းပင်။

"ကိုယ် ယုယကိုပြန်လာခေါ်တာ"

"ကျွန်မကပြန်ချင်တယ်လို့လည်းမပြောမိပါဘူး"

တွယ်နှောင်ရစ်ငင်(Completed)Where stories live. Discover now