ထန်စန်းဘယ်ချိန်က ရှရှ ဓားကိုခေါင်းအုံးအောက်နေဆွဲထုတ်လိုက်လဲမသိလိုက်ပေ
သူအားလုံးလုပ်ပီးနေပီး အားမရှိတော့ကာ နောက်ဆုံးအဆင့်ပဲကျန်တော့တဲ့အချိန်မှာ လည်ပင်းပေါ်ကိုဓားထောက်လိုက်သည်
"ဒီဟာ အသက်သွေးကြော ဆက်လုပ်ရဲရင်လုပ်ကြည့်လိုက်"
ထန်စန်း လန့်သွားကာ မြန်မြန်အကျီဝတ်ပီး အခန်းထဲကနေထွက်သွားလေသည်
အဲ့နေ့ညမှာပဲ ၁၈နှစ်အရွယ်ရှရှ တအိမ်လုံးအိပ်နေတဲ့အချိန်အိမ်ကနေထွက်ပြေးသွားလေသည်
အဲ့ချိန်တုန်းက တက္ကသိုလ်အောင်စာရင်းထွက်ပီးတော့လျှောက်လွှာဖောင်တောင်မဖြည့်ရသေးတဲ့အတွက်ကြောင့် ချန်ကျယ် သူ့သမီးဘယ်ကျောင်းတက်လဲတောင်မသိပေ
တနေ့ ကျောင်းမဖွင့်ခင် ရှရှချန်ကျယ်ဆီကိုအိမ်ထောင်စုစာရင်းပြောင်းဖို့အတွက်ရောက်လာလေသည်
သူမနဲ့အတူ တက္ကသိုလ်ကဆရာမတယောက်တူတူလိုက်လာပေးသည်
ချန်ကျယ် ရှရှကိုတွေ့တော့ ဘာမှမပြောဘဲရက်အတော်ကြာပျောက်သွားတာနဲ့ပတ်သက်ပီး ဆဲလေတော့သည်
ပီးတော့ သူပတ်ဝန်းကျင်မှာ ပြောခံရမှာဆိုးတာကြောင့် ရှရှကိူ အိမ်ထောင်စုစာရင်းပြောင်းဖို့မထုတ်ပေးပေ
ကျောင်းဖွင့်တာနဲ့ ဖုန်းမလာ စာမပြန် ကျောင်းလခမတောင်း နေထိုင်စရိတ်လည်းမတောင်းပေ လုံးဝကိုမဆက်သွယ်လာတော့ပေ
ချန်ကျယ် သူ့သမီးနဲ့ပတ်သက်ပီး ဂရုမစိုက်တာ ထန်စန်းသိပေသည်
စစချင်းတော့ပဲ ပွစိပွစိပြောပီး နောက်ပိုင်း ဂရုတောင်မစိုက်တော့ပေ
ထန်စန်းလည်း သူဘာမှမလုပ်ခဲ့ ဘာမှမဖစ်ခဲ့သလိုပဲနေနေနေလိုက်သည်
ထန်းစန်းမထင်လိုက်တာက သူမကျင်အန်းကိုပြန်လာတာကိုပင် ကြည့်ရတာ နေရတာထိုင်ရတာ အဆင်ပြေတဲ့ပုံပင်
သူရှေ့မှာရပ်နေတဲ့ အရည်အချင်းရှိတဲ့လုဆရာဝန်ကရော သူမရဲ့အတိတ်ကိူသိနေတာလား
"လုဆရာဝန် ကျွန်တော်တို့ရှရှနဲ့အရမ်းရင်းနှီးတာလား သူမရဲ့မောင်လေးကို သေချာဂရုစိုက်ပေးရမယ်နော်"
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...