1 (Unicode)

314 11 11
                                    

ဘဝက အမြဲတစ်သမတ်တည်းဖြစ်မနေနိုင်ပါ။ နေ့ချင်းညချင်း ရွှေဘုံစံ ဘဝမှ သူဖုန်းစားထက်နိမ့်သော ဘဝကို နိမ့်ကျသွားနိုင်သည်ဟု အရင်တုန်းကမယုံခဲ့မိချေ။

လိုချင်သမျှပိုင်ဆိုင်ချင်ခဲ့သမျှလည်း လက်လွှတ်သွားရနိုင်သည်။ ဒါဘဝလေ။ ဘာဖြစ်မယ်မှန်းသိနေရတဲ့ စာအုပ်တစ်အုပ်မှ မဟုတ်ခဲ့ဘဲ။ စာအုပ်ဆိုရင်တောင်မှကောင်းဦးမည်။ သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကိုဘဲရွေးပြီး အပြန်ပြန်အလှန်လှန် ဖတ်ရှူနိုင်မည်လေ။

ယခင်က သာယာ၍ပျော်ရွှင်ဖွယ်ရာဖြစ်ခဲ့သော နန်းတော်အပြင်ဖက်က ယခုတော့ ပျက်စီးယိုယွင်းလျက်။ ကျွမ်းကျင်အောင်လေ့ကျင့်ခဲ့ရသည့် အရာတို့ကလည်း သူ့အားကာကွယ်မှုကိုပင်မပေးနိုင်​တော့။ ယခင်က တပ်မက်ခဲ့ဖူးသောအရာတို့က သူ့အား လှောင်ရယ်နေသလို။ ရယ်မောသံ၊ အချေအတင်ဖြစ်သံ၊ အစရှိသဖြင့် စည်ကားခဲ့သော နန်းတော်ကြီးက ယခုတော့​ ခြောက်ခြားဖွယ်ရာ ဆူညံလျက်။ သွေးစက်တို့က နေရာအနှံ့ပျံ့ကျဲလျက်။ လူသေအလောင်းတို့က တစ်ခုနှင့်တစ်ခုထပ်လျက်။

သူ သိပ်ကိုသဘောကျခဲ့ပါသော နန်းတော်ကြီးက ယခုတော့ သူ့အား ခြောက်လှန့်နေလေတော့သည်။

သူ ချစ်ရသော သူ့ရဲ့မိသားစု နှင့် ပြည်သူတို့ကို ပြေးလွှား ဒုက္ခရောက်နေကြသည်ကို ကြည့်နေရုံမှလွဲပြီးမတတ်နိုင်ခဲ့။

''မင်းကြီး........ကျတော်တို့ဒီကနေထွက်ခွာသင့်ပါပြီ......''

ဝူမျိုးနွယ်အမတ်က ပြောလာသည့်တိုင် သူလသာဆောင်မှနေ၍ ခြောက်ခြားဖွယ်ရာ မြင်ကွင်းကိုကြည့်နေဆဲ။

"အမတ်မင်းဝူ......ကိုယ်တော့်ကိုအဖော်ပြုပေးပါဦး......''

ဘေးနားကို လက်နဲ့အသာအယာပုတ်ပြတော့အမတ်မင်းဝူက သူ့ဘေးနားကိုရိုကျိူးစွာရောက်လာပေးလေသည်။

''မင်းကြီး.........ဒီမှာဆက်နေနေလို့မ​ဖြစ်တော့ပါဘူး........ဒီမြင်ကွင်းတွေကို မင်းကြီးကြည့်ဖို့မသင့်တော်ပါဘူး.......''

အသာအယာပြုံးလိုက်ပြီး

''အခုလိုဖြစ်ပျက်နေတာကို ပြည်သူတွေ ခံစားနေရတာဘဲလေ.......ကိုယ်တော်ကြည့်တာ မသင့်တော်စရာမရှိဘူး.......''

The Secret Of Red Rose (Complete)Where stories live. Discover now