4(Unicode)

50 3 0
                                    

''မင်းသား၇.....ထပါဦး......''

သူ့ခန္ဓာကိုယ်အား လှုပ်ခါနေသော ဝူခယ့်ကြောင့် သူအလန့်တကြားနိုးလာရသည်။

''ဘာဖြစ်လို့လဲ''

''ဦးရီးတော်က ဆင့်ခေါ်လိုက်လို့.....''

''ဘာ!''

ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်​တော့ မိုးပင်မလင်းသေး။

''အစောကြီးရှိသေးတယ် မလာနိုင်ဘူးလို့ပြောလိုက်''

''မလာလို့မရဘူးတဲ့အရှင်ရဲ့.....''

သူခြုံလိုက်တဲ့စောင်ကိုပြန်ဆွဲဖယ်ပြီး သူ့ကိုအိပ်ယာကနေထူပေးသည်။ ဝူခယ့်က သူ့ကိုကြောက်လည်းကြောက်သည်။ ယခုလိုလည်း မကြောက်မရွံ့ရှိတတ်သည်။

''အရှင်မလာရင်....အရှင့်ကိုကြိမ်ဒဏ်
ဆယ်ချက်တဲ့.....ကျတော့်ကိုတော့
၂၅ချက်တဲ့....
ထပါအရှင်ရယ်.....ကိုယ်ကိုယ်တိုင်ရော အရှင့်ရဲ့ သစ္စာရှိလှတဲ့ ချစ်စဖွယ်အစေခံလေးကိုရော အသားမနာပါစေနဲ့........''

သူအိပ်မှုန်စုတ်ဖွားနဲ့ထလိုက်ပြီးဝူခယ့်ရဲ့နားရင်းကိုတချက်လောက်ပိတ်အုပ်ပစ်လိုက်သည်။

''ဝှား.....ခုမှဘဲအိပ်ချင်ပြေသွားတော့တယ်.....''

ဘယ်သူတွေဘယ်လိုကြောက်ကြောက်။ ယုံချင်ယုံ မယုံချင်နေ ဝူခယ့်နှင့် မင်းသား၇တို့က သူငယ်ချင်းသဖွယ်ရင်းနှီးကြသည်။

နှိုင်းပြရလျှင် ရက်စက်ယုတ်မာသောရှင်ဘုရင်နှင့် ကောက်ကျစ်စဥ်းလဲသော စစ်သူကြီးဟူ၍ပင်။

''အရှင် အိပ်ချင်ပြေရင်ပြီးတာပါဘဲ....''

ရိုက်ခံလိုက်ရသည့်နားကိုကိုင်ထားရင်းနှင့်ပင်ဆိုရှာသည်။

ထို့နောက်မှာတော့ ဝူခယ့်က ကိုယ်လက်သန့်စင်ဖို့ကိုလုပ်ပေးလေသည်။ ကိုယ်လက်သန့်စင်တဲ့ကိစ္စပြီးမှ ဦးရီးတော်ခေါ်သူအား သွားရောက်တွေ့ဆုံဖို့ ထွက်လာတော့သည်။

''ဝူခယ့်........''

''ဒီမှာပါအရှင်.....''

ဝူခယ့်က သူ့အင်္ကျီထဲဖွက်ယူလာတဲ့ ကြာပန်းဖြူသေရည်ကိုလ​က်ထဲကမ်းပေးလေသည်။

The Secret Of Red Rose (Complete)Where stories live. Discover now