''အရှင်......''
''ဝူခယ့်.......''
ဒီနေ့တော့သူနဲ့ဝူခယ့်တို့ပြန်လည်ဆုံတွေ့ဖြစ်ကြသည်။
''ယိတိုင်းပြည်ကပြန်လာကတည်းကမင်းကိုမတွေ့ရတော့တာဘဲ......''
''အရှင်က......အရွယ်ရောက်လူငယ်တစ်ယောက်တောင်ဖြစ်နေပြီဘဲ......''
သူ့ရဲ့ရှည်လျားသောအရပ် မြင့်မားသောပုခုံးတို့ကိုဂုဏ်ယူစွာပင်။
''အရှင်.......အရှင့်ကို.....ဒီအစေခံက ဓားရေးယှဥ်ပြိုင်ပေးပါရစေ......''
သူ့အတွက်အကောင်းဆုံးပြိုင်ဖက်အားဦးရီးတော်ကရွေးပေးခဲ့သည်ပင်။
ငြိမ်းချမ်းရေးပွဲတော်က ကြည့်ရသလောက်တော့ ဝူခယ့်ရဲ့စွမ်းအင်က သာမန်မဟုတ်။ တမူထူးခြားသည်။
''ကျတော်သိချင်လို့ပါအရှင်.....ဘယ်လိုလုပ်....ဓားရေးယှဥ်ကျင့်ဖို့အပြစ်ပေးခံလိုက်ရတာပါလဲ......''
သက်ပြင်းမောတစ်ချက်။
''ဆိုင်းရက်စ်က ငါ့ကိုမလေ့ကျင့်ဘဲအချိန်ကုန်နေတယ်ဆိုပြီး........လေ့ကျင့်ခိုင်းလိုက်တာပါဘဲ.......''
ဝူခယ့်က ပြုံးရုံသာပြုံးသည်။ အရင်ကလောက်မတက်ကြွတော့။
''ပြောပါဦး......မင်းကရောဘယ်လိုလုပ်ငြိမ်ချမ်းရေးပွဲတော်ရဲ့စောင့်ကြည့်သူဖြစ်နေတာလဲ........''
''အဲ့တာကအရှည်ကြီးဘဲ.........အရှင်နားထောင်ချင်မှာမဟုတ်ဘူး.......''
''ငါ့မှာတော့ လျို့ဝှက်ချက်တစ်ချို့ရှိတယ်......နားထောင်မလားဝူခယ့်......''
ဝူခယ့်ကသက်ပြင်းချရင်း
''အရှင်တစ်ခုခုလုပ်ထားပြန်တာလား.......''
''ငါ့မွေးနေ့တုန်းကဆိုင်းရက်စ်က......စာအုပ်အထူကြီးတစ်အုပ်ပေးတယ်.....အဲ့စာအုပ်က.....ကျင့်ကြံရေးစာအုပ်......ငါလည်းစိတ်ဝင်စားပြီးလိုက်လုပ်ကြည့်တာ......ကျင့်ကြံရေးအစွမ်းတွေအသုံးပြုလို့ရနေတယ်......''
ဝူခယ့်က သိသားဘဲဆိုသောအကြည့်ဖြင့်ကြည့်လေသည်။
''အဲ့တာနဲ့ဦးရီးတော်အကြိုက်ဆုံးရေနွေးခွက်ကလေးကိုကွဲသွားအောင်လုပ်ပစ်လိုက်တာပေါ့.......အရှင်ကတော့......''
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ