24(Unicode)

24 1 0
                                    

[ငြိမ်းချမ်းရေးပွဲတော်၃ရက်မြောက်နေ့]
[မင်တိုင်းပြည်]

မင်တိုင်းပြည်ထဲသို့ စတင်ဝင်ရောက်လာချိန်မှစ၍ လူအများ၏ အကြည့်တွေက ထိုလူအပေါ်သို့သာကျရောက်လာသည်။ ချပ်ဝတ်တန်ဆာမပါပဲ သွေးအချို့စွန်းနေသော နက်ပြာရောင်ဝတ်ရုံနှင့် လှံတံအား မြေပေါ်သို့အောက်စိုက်အနေအထားဖြင့်ကိုင်ဆောင်လာသည်။ သွေးစွန်းနေသည့်မျက်နှာပေါ်တွင် ခက်ထန်လှသည့်အကြည့်များဖြင့် လိုက်ဖက်လှစွာတန်ဆာဆင်ထားလေသည်။

မြင်း၏ဇက်ကြိုးကိုဆွဲထားသော လက်တစ်ဖက်က သွေးများရွှဲနေပြီး မြစိမ်းရောင်အကြောများပင် လှပပနံသင့်စွာပေါ်နေလေသည်။

ဒီယောက်ျားသည် ခက်ထန်ပုံရှိသောငြား ကြည့်ကောင်းလွန်းသည့်ယောက်ျားတစ်ယောက်ဖြစ်ပေသည်။

နန်းတော်ဂိတ်ကိုရောက်သည့်အချိန် ဂိတ်တံခါးများကဖွင့်ပြီးနေပြီဖြစ်သည်။

''မင်းသား၂......ပြန်လာပြီ......''

သူ၏သစ္စာရှိ ရဲမက်အချို့က သူ့အားစောင့်ကြိုလျက်ရှိသည်။ ဒါတွေကိုသူကအပိုလို့ပဲတွေးသည်။

[မင်းသား၂ ကျန်းခဲ့ရှင်း]

''မင်းသား၂.........ကြိုဆိုပါတယ်......''

အယောက်၇၀ ကျော်သော ရဲမက်တို့က သူ့အားအရိုအသေပြုလျက်။

''ချိန်ရှီး.....လှံကိုသန့်ရှင်းရေးလုပ်လိုက်......''

''ကောင်းပါပြီမင်းသား၂.......''

သစ္စာရှိရဲမက်များထဲမှ နတ်လက်နက် လှံရှည်အား ကိုင်ခွင့်ရှိသူသည် ချိန်ရှီးတစ်ယောက်သာရှိသည်။

ချိန်ရှီးဆိုသူကား အသားညိုညို တောင့်တောင့်ဖြောင့်ဖြောင့် လူလတ်ပိုင်းအရွယ်ရှိ သစ္စာရှိရဲမက်တို၏ တပ်မှူးတစ်ယောက်ပင်။ မင်းသား၂၏ ယုံကြည်ရသော တပ်မှူးတစ်ဦး။ နှစ်ယောက်မှာကား စစ်တိုက်ရင်းနှင့်ပင်ရင်းနှီးကျွမ်းဝင်ခဲ့ခြင်း။ ရင်းနှီးကျွမ်းဝင်ပုံက သခင်နှင့် သစ္စာရှိနောက်လိုက်။

ချိန်ရှီးကရိုကျိုးစွာလှံကို သယ်ဆောင်ပြီး သန်စင်ရန်ယူသွားသည်။

The Secret Of Red Rose (Complete)Where stories live. Discover now