30(Unicode)

18 1 0
                                    

''မင်းသမီး၆........''

''ဟုတ်ကဲ့.....''

''ကိုယ့်မှာသဘောကျမြတ်နိုးရသူရှိပြီးသားပါ......''

''...........''

________________________

ချွေးစက်များဖြင့်အိပ်ယာထဲမှထလာရသည်။ အချိန်ကား သန်းခေါင်ယံအချိန်ဖြစ်သည်။

ဘေးပတ်ဝန်းကျင်ကိုအားကိုးရှာမိတော့ တိတ်ဆိတ်မှောင်မိုက်နေသောအခန်းငယ်နှင့် အိပ်ပျော်နေသော ရှောင်မေ့(နှင်းခွေး)လေး။

အိပ်ယာပေါ်မှထကာ ရေခွက်ရှိရာသို့ လျှောက်လှမ်းရင်းမိုက်ခနဲပင်ဖြစ်သွားရသည်။ နှလုံးခုန်နှုန်းတို့ကလည်းမြင့်တက်လျက်။

ရင်ထဲတွင်လည်း ဟာလာဟင်းလင်းဖြစ်သလို ပြည့်ကျပ်နေသလို။

အသက်ရှူပင်ခက်လာလေသည်။

သူအသက်မပါစွာရယ်မောလိုက်ပြီး

''ဟူး......တကယ့်ကိုအဲ့စကားလုံးလေးတွေက ပြိုလဲဖို့လုံလောက်နေတာဘဲ.......''

ရေခွက်ထဲမှရေအားမော့သောက်လိုက်ပြီးပြတင်းပေါက်အားမှီကာ ကောင်းကင်ရှိ လအားမော့ကြည့်နေမိသည်။

ဟုတ်သားနော်။ လကွယ်နေ့ရောက်တော့မှာဘဲ။ ဒါ့ကြောင့် လခြမ်းကွေးသေးသေးလေးသာကျန်ရှိနေသည်လေ။

သူလည်းလခြမ်းလေးကဲ့သို့ပင်မပြည့်မစုံဖြစ်နေသလား။

''ငါသာ.....ဒီ့ထက်ဆွဲဆောင်မှုရှိခဲ့ရင်........စစ်သူကြီးရှက......ငါ့ကိုမြင်လာနိုင်မလား.......''

လေအဝှေ့မှာတင် အပြုံးတို့ဖြစ်တည်လာခဲ့သည်။ ဆုံးဖြတ်ချက်ချပြီးသည့်အပြုံးတစ်ခု။

___________________

''ဦးရီးတော်.........''-ဟွမ်ကျောက်ရန်

''ဆိုင်းရက်စ်.....''-လျိုကျိန်းဝေ

''ကိုကို.......''-ကျန်းခဲ့ရှင်း(မင်းသား၂)

''..........''-ဆိုင်းရက်စ်

လေးယောက်စလုံးအကြည့်ချင်းဆုံလျက်။

''ကိုကိုလို့.....ခေါ်လိုက်တာလား......အကိုတော်၂.....''-လျိုကျိန်းဝေ

''ကျိန်းဝေ.....ရန်အာ.....ဘာကိစ္စရှိကြလို့လဲ......''

ဦးရီးတော်ဆိုင်းရက်စ်ကအမြန်ပင် လာရင်းကိစ္စကိုပြောစေသည်။ သူတို့၃ယောက် ဦးရီးတော်ခြံဝင်းအဝတွင်စုံတွေ့ပြီး ရောက်လာကြသည်ဖြစ်သည်။

The Secret Of Red Rose (Complete)Where stories live. Discover now