3(Unicode)

54 3 0
                                    

''သူတို့ရဲ့ ယောက်ျားအဝတ်အစားတွေက ဂါဝန်တွေတဲ့လား.....ဒါတွေကိုမဝတ်ချင်ဘူးမို့လား ဦးရီး​ေတာ်ဆိုင်းရက်စ်.......''

''အင်း......''

ယူဆောင်လာသည့် အနက်ရောင်ကုတ်အင်္ကျီအရှည်ကိုလွှမ်း​ခြုံလိုက်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားနေလေသည်။ ဘွတ်ဖိနပ်အရှည်ကိုလည်းသပ်သပ်ရပ်ရပ်ဝတ်စားလျက်။

''မိဖုရား......ဟို....''

ဟွမ်အဆောင်ထဲကိုဝင်လာတဲ့ မိန်းမစိုးက နာမည်ကိုဘယ်လိုထွက်ရမယ်မသိတဲ့ပုံ။

''ရုသ်.....ပါ....''

''ဟုတ်ကဲ့.....မိဖုရားရုသ်.......မင်းကြီးက...ကျတော်မျိုးနဲ့ ဒီက နန်းတွင်းသူတွေကို ဖိဖုရားခစားဖို့ ပြောလိုက်လို့ပါ....''

''ကောင်းပါပြီ.......အရှေ့မှာခဏစောင့်နေပေးပါဦး....''

''ဟုတ်ကဲ့ပါ....''

မိန်းမစိုးထွက်သွားတော့

'' အကိုဆိုင်းရက်စ်.......အိမ်ကိုသတိရတယ်.....''

''အဆင်ပြေသွားမှာပါ......ရုသ်.....ကိုယ့်တာဝန်ကိုယ်ကျေအောင်နေပါ.....''

ထို့နောက် ဆိုင်းရက်စ်က မြင်ကွင်းထဲမှထွက်ခွာသွားလေသည်။

___________________________

''ဆီ....ရန်.......ဆ...ဆ......တောက်ခ်......''

မင်းသား၇ရဲ့အဆောင်ထဲမှ နာမည်ရွတ်ကျင့်နေသော အသံကို ပြတ်သားစွာကြားနေရသည်။

''အဲ့သလောက်တောင် နာမည်ကခေါ်ရခက်ရသလား.......ဟို....ဘာ...ရုသ်.....အဲ့တစ်ယောက်ကမှခေါ်ရလွယ်သေးတယ်......''

''စိတ်လျော့ပါမင်းသား၇ရယ်.......''

''သူ့အရပ်ကရှည်လိုက်တာ....ဘယ်လောက်ရှိနိုင်သလဲ.....''

''သူ့အရပ်ကိုမင်းသားက နှစ်အနည်းငယ်အတွင်းကျော်သွားမှာပါ......မင်းသားကငယ်သေးတာကို.....''

''သူ့နာမည်....သူ့နာမည်ကဘယ်လိုခေါ်တာ.....ငါမေ့သွားပြီ.....''

နာမည်လေးတစ်ခုကြောင့်ပြာယာခတ်နေသော မင်းသား၇က အလွန့်ကိုရီစရာကောင်းလှသည်။ ဒီလိုတစ်ခါမှဖြစ်ဖူးသည်မဟုတ်။

''ဆိုင်းရက်စ်ပါအရှင်........''

မင်းသား၇ခဏလောက်တိတ်ဆိတ်သွားပြီး ဝူခယ့်ကိုမျက်ခုံးတစ်ဖက်ပင့်ကာကြည့်လေသည်။

The Secret Of Red Rose (Complete)Where stories live. Discover now