43(Unicode)(End)

58 2 2
                                    

[မင်းသမီး၆နှင့်စစ်သူကြီးရှစစ်ဝေ]

"မင်းသမီး.....သင်္ဘောဘက်ကိုပြန်သွားကြတာပေါ့......''

ရှစစ်ဝေက လှည့်ပင်မကြည့်ကာပြောလေသည်။

"ကျမ....အရေးကြီးယူစရာရှိသေးတယ်.....အကိုရှ......ရှင်...အရင်သွားနှင့်လိုက်ပါ....''

ခေါင်းမာစွာ ဆုံးဖြတ်ချက်ပြတ်သားစွာပင် နန်းတော်ရှိရာဘက်သို့ပြေးလာခဲ့သည်။ ရဲမက်တို့ရဲ့မျက်လုံးတွေကအနီရောင်တောက်လျက်ရှိသည်။

သူ့ရှေ့ကို ရဲမက်တစ်ယောက် ခုန်အုပ်လာတော့

'ချွင်.....'

"သတိထားပါမင်းသမီး.......ကျတော်လိုက်ကာကွယ်ပေးပါ့မယ်.......''

စစ်သူကြီးရှစစ်ဝေက နန်းတော်သွားရာလမ်းရဲ့တစ်လျှောက်မှာကာကွယ်ပေးတယ်။ နန်းတော်ဝရောက်တော့ လူမရှိနေ။ နန်းတော်ထဲကိုဝင်ဖို့ ဘေးကလမ်းကျဥ်းလေးကိုသွားတော့ သွေးတွေနဲ့ ယပ်တောင်တစ်ချောင်း။

ယပ်တောင်ကိုကောက်ကိုင်လိုက်တော့

"အဲ့တာ.....မင်းသား၃ရဲ့ယပ်တောင်........''

ရှစစ်ဝေက ပတ်ဝန်းကျင်အနေအထားကိုကြည့်ပြီး မျက်မှောင်ကျုံ့လျက်

"သွေးတွေချည်းပဲ........''

"အကိုရှ.....ဒီပစ္စည်းကိုသိမ်းပေးထားပါ.......''

ယပ်တောင်ကို ရှစ်စစ်ဝေလက်ထဲထည့်တော့ ခေါင့်ငြိမ့်ပြကာ ယူလိုက်လေသည်။

သူ့အခန်းထဲကိုရောက်ရှိသည်အထိ ရဲမက်တွေက လွဲ၍တခြားပြသနာမရှိ။

လေးထောင့်စက္ကူဘူးငယ်လေးနှင့် ပန်းချီပိတ်ကားတစ်ချပ်။

ကောက်ယူလိုက်တော့ရှစစ်ဝေက နှာခေါင်စရှုံ့လျက်။

"ဒီပစ္စည်းလေးတွေအတွက် အသက်စွန့်ပြီးပြန်လာတာလား.......''

"ဒါတွေက ကျမအသက်ထက်အရေးကြီးပါတယ် အကိုရှရယ်.....''

လက်ထဲကပစ္စည်းတွေကိုသယ်လာပြီးအန္တရာယ်ကင်းစွာပင် နန်းတော်အပြင်သို့ပြန်ရောက်လာခဲ့သည်။ သူတို့ စီးနင်းလာသည့်သင်္ဘောက အခုထိလူတွေကိုစောင့်နေဆဲပင်။ သင်္ဘောပေါ်တက်ပြီးပစ္စည်းတွေထည့်ပြီးနောက်

The Secret Of Red Rose (Complete)Where stories live. Discover now