23(Unicode)

24 0 0
                                    

ပြိုင်ပွဲနောက်ဆုံးရက်တွင် လူအတော်များများအုတ်အုတ်ကျပ်ကျပ်ဖြစ်နေရလေသည်။

''မှော်သားရဲတွေကဘာလို့ ဝိဉာဉ်တောထဲမှာရှိနေရတာလဲ......အဲ့တာတွေက ယိတိုင်းပြည်ရဲ့တားမြစ်တောအုပ်ထဲမှာရှိနေရမှာမဟုတ်လား......''

တားမြစ်တောအုပ်နဲ့ ဝိဉာဉ်တောအုပ်က တောင်နှင့်မြောက် ပင်။ ဒါ့ကြောင့်လည်း တခြားတိုင်းပြည်မှအုပ်ချုပ်သူတွေရော ပြည်သူအချို့ရော မေးခွန်းထုတ်ကြတာဖြစ်သည်။

''အမတ်မင်း.....ရှင့်မှာတစ်ခုခုပြောဖို့ဆန္ဒမရှိဘူးလား.......''-ဧကရီလျိုမင်

''ဒါ....တိုက်ဆိုင်တာဖြစ်နိုင်ပါတယ်......''-အမတ်မင်း

''မဖြစ်နိုင်တာ.....ရှင်က...ကလေးတွေအကုန်လုံးကိုလက်စတုံးပစ်ဖို့ကြံနေတာမဟုတ်ဘူးလား.....''-ဧကရီလျိုမင်

''အမတ်မင်း......အမတ်မင်း.....''

လူအုပ်ကြားထဲကတိုးပြီး အမောတကောပြေးလာတဲ့ လူရွယ်တစ်ယောက်က သူတို့နှစ်ယောက်အားအရိုအသေပေးလိုက်ပြီး

''အမတ်မင်း....ယိတိုင်းပြည်ကပြိုင်ပွဲဝင်နှစ်ယောက် မုန့်လဲ့ရှားနဲ့ကျိုအာ၊ မင်တိုင်းပြည်က မင်းသား၇ လျိုကျိန်းဝေ၊ ကျိုးတိုင်းပြည်က စစ်သူကြီးရှစစ်ဝေနဲ့ ပြိုင်ပွဲစောင့်ကြပ်သူ ၃ယောက် ပျောက်သွားပါတယ်.......''

''ဘာ?......''-အမတ်မင်း

''သူ့တိုင်းပြည်က ကလေးတစ်ယောက်ပျောက်သွားတာကို ကျိုးတိုင်းပြည်ကအဖိုးကြီး....ဘာလုပ်နေသလဲ.......အခုထိရောက်မလာသေးဘူး.......''-ဧကရီလျိုမင်

ကျိုး၊ မင်၊ ယိ၊ ဝေ တိုင်းပြည်လေးခုတွင် ဝေတိုင်းပြည်တစ်ခုတည်းကသာ ပြိုင်ပွဲဝင်မပျောက်ဆုံးခြင်းပင်။

''ဧကရီလျိုမင်.......ဘာလို့များ.....ဝေတိုင်းပြည်က တစ်ယောက်မှမပျောက်တာလဲ.......ထူးဆန်းတယ်မထင်ဘူးလား.......''-ကျိုးတိုင်းပြည်ရှင်ဘုရင်

''ကျမရဲ့ကလေးတွေက ကျင့်ကြံသူတွေလေ.....နောက်ပြီးမင်းသားမင်းသမီးတွေ......ဘယ်သူကထိရဲမှာလဲ.....ရှင်လား?.....''-ဧကရီလျိုမင်

ကျိုးတိုင်းပြည်ရဲ့ရှင်ဘုရင်နှင့်ဧကရီလျိုမင်တို့က တစ်ယောက်နဲ့တစ်ယောက် ငြှိုးတေးစွာစိုက်ကြည့်နေကြလေသည်။

The Secret Of Red Rose (Complete)Where stories live. Discover now