18(Unicode)

24 0 0
                                    

''ပြိုင်ပွဲဝင်တွေအားလုံးအသင့်ပြင်ထားကြပါ.....''

<<<ငြိမ်းချမ်းရေးပွဲတော်နေ့>>>

''ဆိုင်းရက်စ်.......ဘယ်လိုနေလဲ.....''

''အင်း.....အရပ်ထပ်ထွက်လာပြန်ပြီ.......''

အခုဆို သူ့နှင့်တန်းတူပင်ဖြစ်နေလေပြီ။

''ကျိန်းဝေ........ဂရုစိုက်........''

''ဒီအမဲလိုက်ပွဲလောက်က ဒီအရှင်ကိုဘာဖြစ်စေနိုင်မှာမို့လို့လဲ......''

''အပြောမစောနဲ့ညီငယ်လေး.......ဝိဥာဥ်သစ်တောထဲမှာ....သာမန်ပစ်မှတ်လေးတွေဘဲရှိတာမဟုတ်ဘူး.........အဲ့သစ်တောထဲမှာ ၃ရက်လောက်နေရမှာ.......''

မင်းသား၃က စိတ်ပူတဲ့ပုံနဲ့ပြောလေတော့ မင်းသား၇က မျက်ခုံးပင့်လိုက်ပြီး

''အကိုတော်၃က စိတ်ပူနေတာလား.....''

''ငါ့ကိုခမည်းတော်က ညီငယ်လေးမထိခိုက်အောင် ကြည့်ရှုပေးဖို့ပြောလိုက်တယ်.......ညီငယ်လေးလို အရိုင်းဆန်တဲ့စရိုက်ကိုလိုက်မကြည့်နိုင်လို့အခုကတည်းကသတိပေးတာ.........''

ထို့နောက်တွင်တော့ သူတို့နှစ်ယောက် စကားရည်လုနေကြသည်ကိုအချိန်တစ်ခုလောက်ကြည့်နေရလေသည်။

''ထောက်ပံ့ရေးပစ္စည်းများလာယူလို့ရပါပြီ......''

''ကျိန်းဝေ....ရန်အာ......စကားပြိုင်မနေနဲ့တော့......''

''ကောင်းပါပြီဦးရီးတော်......ညီငယ်လေး......အခုမှသတိထားမိတယ်.....ဘယ်မှာလဲ.....ဓား.....''

''ဟင်.....ဓားလိုအပ်သေးတာလား......''

မင်းသား၃က မင်းသား၇အားယပ်တောင်ဖြင့်ဖွဖွလေးရိုက်လိုက်လေသည်။

''အိုက်ယား.....ညီငယ်လေးမှာဓားမှမရှိဘဲ.....သာမန်ဓားတွေမြှားတွေနဲ့ဘဲလေ့ကျင့်နေတာမဟုတ်လား.......ကြိုတင်ပြင်ဆင်ဖို့ပြောပါလား.......''

''မသိမှမသိတာကိုအကိုတော်၃ကရော...ပြောလို့လား......''

အရပ်ကလန်ကလားကြီးနဲ့ ကလေးလိုလိုပြောနေသောသူ့ကို ပြိုင်ပွဲဝင်တစ်ချို့က စောင်းမြောင်းကာကြည့်သွားကြလေသည်။

ထိုလူတွေအထဲမှ လူတစ်ယောက်ကိုတော့ သူထူးထူးခြားခြားသတိပြုမိလိုက်ပါသည်။

The Secret Of Red Rose (Complete)Where stories live. Discover now