''ဒါက....အနောက်တိုင်းပြည်က ဦးရီးတော်များလား.......''
ရေနွေးကြမ်းခွက်အား ကိုင်ထားလျက်ပင် လှည့်ကြည့်မိပါသည်။
''ယိတိုင်းပြည်မှကြိုဆိုပါတယ်.......အဖိုးက ယိတိုင်းပြည်ကိုစောင့်ရှောက်တဲ့အမတ်မင်းပါ
........မိတ်ဖြစ်ဆွေဖြစ် တစ်ခွက်တိုက်ပါရစေ....''ယိတိုင်းပြည်၏ အမတ်မင်းကသေရည်ခွက်အားမြှောက်ပြတော့ ဦးရီးတော်လည်း ရေနွေးကြမ်းခွက်ဖြင့်ပင် မြှောက်လိုက်မိသည်။
''ဦးရီးတော်က သေရည်မသောက်ဘူးလား.....''
''အင်း......''
ရေနွေးကြမ်းခွက်အားချပြီးရုပ်တည်ဖြင့်ထိုင်နေပါသော ဦးရီးတော်အား အတော်များများက သတိထားကြည့်နေကြလေသည်။ အနောက်တိုင်းသားဖြစ်သည်လည်းပါမည်။
''တစ်ခွက်လောက်တော့သောက်ပါ......ဒါက ပွဲတော်ရက်ညစာစားပွဲပဲလေ.......''
''ရိုသေစွာဘဲ ငြင်းပါရစေ........''
ဘယ်သူ့မှဂရုစိုက်ခြင်းမရှိသည့်ဦးရီးတော်က သူ့ရေနွေးကြမ်းခွက်ကိုသာသောက်ရှာသည်။
အမတ်မင်းအဖိုးကြီးကတော့ ရှက်ကို့ရှက်ကန်းနှင့်ပြန်ထိုင်သွားလေသည်။
''ကဲ အားလုံးဘဲ......ပွဲတော်မှာပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြတာပေါ့.....''-ယိတိုင်းပြည်မှအမတ်မင်း
''ဧကရီ လျိုမင်......မင်းရဲ့အလှအပအတွက် တစ်ခွက်ဂုဏ်ပြုပါတယ်......''- ကျိုးတိုင်းပြည်မှရှင်ဘုရင်
''ဟွန့်......ရှင်နဲ့မတန်ဘူး......''- ဝေတိုင်းပြည်ဧကရီ။
ဝေတိုင်းပြည်၏ဧကရီအား တဏှာထချင်သော ကျိုးတိုင်းပြည်မှ ရှင်ဘုရင်က မျက်နှာကြီးနီလျက် အသက်ငင်နေလေပြီ။
ဝေတိုင်းပြည်မှဧကရီ၏အလှမှာ တုနှိုင်းမဲ့စရာပင်ဖြစ်သည်။ ဘယ်သောအခါမှ ညစ်နွမ်းခြင်းမဖြစ်နိုင်သော ဖြူစင်လှသည့်အသားအရည်။ ပျားပိတုန်းကဲ့သို့နက်မှောင်လျက် သန်စွမ်းရှည်လျားသော ဆံနွယ်များ။
မျက်နှာပေါက် ချွန်ချွန်လေးဖြင့် လိုက်ဖက်လှစွာသော မည်သည့်ကိုမှ ရှိသည်မထင်သည့်အကြည့်။ မာနအပြည့်ဖြင့် နှုတ်ခမ်းမထူမပါးတို့က သူမတူစွာ လှပလွန်းလှသည်။

YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ