7(Unicode)

35 1 0
                                    

''မင်းကြီးက..ပြည်ပနဲ့ငြိမ်းချမ်းရေးမင်္ဂလာပွဲကို ခမ်းခမ်းနားနားလုပ်ခဲ့ပြီး......မြောက်ပိုင်းဟန်မျိုးနွယ်မိဖုရားကိုတော့ သာမန် မင်္ဂလာပွဲဘဲလုပ်ပေးခဲ့တယ်တဲ့.....''

''သေချာပါတယ်.......အဲ့မိဖုရားတော့အတော်အရှက်ရတော့မှာ.....သူကလည်း အခုလိုအချိန်မျိုးမှရောက်လာတာကို.......''

''ငါကတော့....သူ့က စစ်ရှုံးတဲ့နေရာကလာတာမို့ အရေးပေးမခံရတာဖြစ်လိမ့်မယ်......''

''ဟုတ်မယ်....နောက်ပြီး.....ပြည်ပကမိဖုရားက ပိုလှတယ်.....ဟန်မျိုးနွယ်ကလာတဲ့မိဖုရားကခုထိ မရင့်ကျက်သေးတဲ့ပုံနဲ့......''

နန်းတွင်းထဲတွင်ပျံ့နှံ့လေ့ရှိသော ကောလဟာလ အရေးမပါသောစကားစုများအား ကြားရသည်ကို စိတ်ညစ်လှလေသည်။

''နင်တို့တွေသိပ်ကိုစကားများတာဘဲ......လုပ်စရာမရှိလို့လား......''

အစေခံတွေအားလုံးလန့်ပြီး

''မဟုတ်ပါဘူး မိဖုရားဟန်......''

မိဖုရားဟန်(နျင်အာ)က သူတို့တွေရဲ့မျက်နှာကိုအသေအချာကြည့်လိုက်ပြီး

''ငါ့အကြောင်းပြောရတာအတော်သဘောကျပုံဘဲ........သူ့တို့ကိုခေါ်သွားပြီးလျှာဖြတ်ပစ်လိုက်.....''

သူ့စကားကြောင့်တုန်လှုပ်သွားတဲ့အစေခံတွေက

''ကျမတို့ကအဲလိုသဘောမဟုတ်ပါဘူး မိဖုရားဟန်......ခွင့်လွှတ်ပေးပါ.....''

''နျင်အာ.....အဲ့လိုလုပ်လို့မကောင်းဘူးလေ.....ဒီနေ့မှ....ပထမဆုံးရက်ဘဲရှိသေးတယ်မဟုတ်လား.........''

''အကို......အာ.....ကုန်းကုန်းဘာသိလို့လဲ........ဒီနိမ့်ကျတဲ့ဟာတွေက.......ပါးစပ်သရမ်းနေကြတာ.....''

ဒေါသထွက်နေတဲ့သူ့ညီမငယ်လေး စိတ်လိုက်မာန်ပါလုပ်မိမှာစိုးလို့ အစေခံတွေကိုသူဘဲနှင်ထုတ်လိုက်ရတယ်။

''အဲ့ဒီ့ ပြည်ပက မိဖုရားရုသ်က ဘယ်လောက်လှလို့လဲ......ငါ့လောက်ဘဲလှနိုင်မလား......''

''နျင်အာ......ဒီကိုဘာအတွက်လာတယ်ဆိုတာလည်းသတိရပါဦး......အရင်......အနောက်နန်းဆောင်ကိုသွားရအောင်ပါ.....အဲ့မှာမိဖုရားရုသ်လည်းရှိနေလောက်မှာ.......ကျန်တဲ့မိဖုရားတွေလည်းရှိနေမှာ.....ဒါကြောင့်....ဆင်ဆင်ခြင်ခြင်နေပါလား......''

The Secret Of Red Rose (Complete)Where stories live. Discover now