15(Unicode)

24 1 0
                                    

''ဦးရီးတော်.........''

''လန်အာ......ဒီမှာ....မင်းလိုချင်တဲ့ပစ္စည်းတွေ.......''

ဦးရီးတော်ကသူလိုချင်သော ပစ္စည်းများကိုပြင်ဆင်ပေးလေသည်။

''ဦးရီးတော်သူ့ကိုရှာပေးရမယ်နော်......''

''အင်း........ပန်းချီဆွဲမလို့မဟုတ်လား.....''

''ပုံတူပန်းချီတစ်ခုလောက်ရှိနေမှ......ရှာလို့ရမယ်မဟုတ်လားဦးရီးတော်.......''

''အင်း........ဒါဆို....ကိုယ်သွားတော့မယ်......''

''ကျေးဇူးပါဦးရီးတော်.......''

''ဒါနဲ့....လန်အာ......ဒါလေးကိုပါ....ဂရုစိုက်ပေးထားပါ......''

ဦးရီးတော်ရဲ့ခြေရင်းမှ ဖွေးစွတ်အောင်ဖြူနေသောနှင်းခွေးလေးအား ရှောင်မေ့မှန်းသူသိလိုက်ပါသည်။

''သူတောင်အရွယ်ရောက်နေပြီဘဲ......ဂရုစိုက်ပေးထားပါ့မယ်ဦးရီးတော်......''

''ကောင်းပါပြီ......''

_______________________

<<<ယိတိုင်းပြည်>>>

''ဒီရက်ပိုင်းတော့အတော်ငြိမ်းချမ်း​နေတာဘဲ......ဒီတစ်ခါအတွက်ရော....ပြိုင်ပွဲဝင်တွေပြင်ဆင်ပြီးကြပြီတဲ့လား........''

''ပြင်ဆင်ပြီးကြပြီလို့ပြောပါတယ်.........အမတ်မင်း.......''

မုတ်ဆိတ်ဖြူနှင့် ခေါင်းအစ​​​ခြေအဆုံးဖြူစွတ်စွတ်ကိုဝတ်ဆင်ထားသောအဖိုးအိုက ယိတိုင်းပြည်၏ အာဏာရှိ အမတ်မင်းတစ်ဦးဖြစ်သည်။ ရှင်ဘုရင်ထက် ယိတိုင်းပြည်ရှိ တော်ဝင်မှော်ကြေးမုံမှရွေးချယ်သော အမတ်မင်းတစ်ဦးသာလျှင် အုပ်ချုပ်သည်။

တိုင်းပြည်လေးခုတွင်ယိတိုင်းပြည်က မှော်ပစ္စည်းများ ကျန်ရစ်သော တစ်ခုတည်းသောတိုင်းပြည်ဖြစ်ပေသည်။

''ကောင်းပြီ......ပြိုင်ဆိုင်သူစာရင်းတွေစစ်ကြရအောင်.......ဒါမှ......ပွဲတော်ရက်ကျ.....အဆင်ပြေပြေပြီးသွားမယ်.....''

''ကောင်းပါပြီအမတ်မင်း.........''

တိုင်းပြည်သုံးခုမှ ပို့ပေးသောစာလိပ်များကို စစ်ဆေးနေကြရလေသည်။

The Secret Of Red Rose (Complete)Where stories live. Discover now