[မိန်းကလေးယန်၏အတိတ်]
''ဖေ.....ဖေ့.......''
မြည်းပုလေးပေါ်သို့ ပစ္စည်းထုပ်များအား တခုပြီးတခုတင်နေသော ဖခင်ရှိရာသို့ပြေးသွားလေသော ၇ နှစ်အရွယ် ယန်လော့ရှီး။
''အမလေး.......ဖေ့သမီးလေး.....ဖြေးဖြေးလာပါကွယ်.......ချော်လဲနေမှဖြင့် ဖေ့ရင်ကျိုးရချေရဲ့........''
ပြေးလာသောသူ့အား ဖေဖေက လက်ကြမ်းကြမ်းကြီးဖြင့်ဖက်ကာ ချွေးသံရွှဲရွှဲဖြင့် နွေးထွေးလှပါသောရင်ခွင်ထဲသို့ထည့်ကာဖက်ထားလေသည်။ မုတ်ဆိတ်မွေးကြမ်းကြမ်းပေါက်စနလေးများဖြင့် သူ့အားနမ်းရှိုက်သည့်အခါ အူအသည်းထဲကပင်ယားကျိကျိဖြစ်လာလေသည်။
''ဟီးဟီး....ခိခိ.....ဖေ..ဖေ့.....ယားတယ်.....''
''ဖေ့သမီးလေးကိုချစ်လို့မွှေးတာပါကွ......''
''ဟိုသားအဖနှစ်ယောက်........အလုပ်မလုပ်ဘဲအချောင်ခိုမနေကြနဲ့လေ......''
''ကြားလား.....ဘွားဘွားကြီးကဆူနေပြီ......''
ဖေဖေကမေမေ့အားစနောက်ကာပြောတော့
''ခိခိ......မေမေက...ဘွားဘွားကြီး......''
''ဒီသားအဖကတော့အရိုက်ခံချင်နေပြီဘဲ.....''
မေမေကပြုံးက ဖေဖေ့နားကပ်လာလျက် အဆီပြန်နေသောပါးပြင်နှစ်ဖက်အား မြတ်နိုးစွာနမ်းရှိုက်လေသည်။ ထို့နောက်မုန့်ထုပ်ကိုလည်း လက်ထဲသို့ထည့်ပေးလေသည်။
''ရှင်နဲ့ကလေးနဲ့မုန့်ကိုအညီအမျှခွဲစားနော်........ကလေးကငယ်သေးလို့ဆိုပြီးနည်းနည်းဘဲစားခိုင်းပြီး.....ရှင်ကအများကြီးစာပစ်လို့မရဘူးနော်.......''
''သိပါတယ်ချစ်ဇနီးလေးရဲ့......''
မေမေ့ပါးအား ဖွဖွလေးဆွဲကာဖေဖေက ပြုံးနေလေသည်။
''ဖေ့....ဖေ့......သွားမယ်.....''
ထိုအခါဖေဖေက သူ့လက်သေးသေးလေးအားလက်တဖက်ဖြင့်ဆွဲလျက် လက်တစ်ဖက်က မြည်းလေး၏ဇက်ကြိုးအားဆွဲလျက် နှင့် မေမေ့အားနှုတ်ဆက်အနမ်းနမ်းကာထွက်လာလေသည်။
''ဖေ့....ဖေ့.....ပုံပြင်ပြောပြပါ......''
''ကောင်းပါပြီဗျာ.......ဖေ့ရွှေမင်းသမီးလေးအမိန့်နာခံပါ့မယ်ဗျ.....''
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ