''ညသန်းခေါင်.......ကြီး.....''
ဦးရီးတော်က ဖယောင်းတိုင်နှစ်ခုကို လက်ပံပင်ရဲ့ဘေး ပတ်ပတ်လည်တွင် ထွန်းထားလေတယ်။ လက်ထဲတွင်လည်းတစ်စုံတစ်ခုကိုင်လျက်။
''ကျိန်းဝေ......''
''လက်ထဲကဘာကြီးလဲဆိုင်းရက်စ်..........''
အရောင်တလတ်လတ်ထနေသော လေးထောင့်ဗူးတစ်ခု။
''လေးလပိုင်းရဲ့ဆယ့်နှစ်ရက်မြောက်နေ့ဘဲ........ကျိန်းဝေ.....ဘာနေ့လဲမှတ်မိလား......''
''ဆိုင်းရက်စ်ကဘယ်လိုသိတာလဲ......''
အံ့သြစွာပင်ကြည့်နေမိသည်။ သူ့မွေးနေ့အား ဦးရီးတော်ကသိနေသည်လေ။
''ကိုယ့်ကို.......မင်းကြီးပြောပြတာ......''
အမှန်က မင်းကြီးကိုမေးခဲ့သည်ဆိုတာ ဦးရီးတော်နှင့်မင်းကြီးသာသိပါသည်။
''အဲ့တော့.....လက်ထဲက.....မွေးနေ့လက်ဆောင်ပေါ့......''
''အင်း.....''
စိတ်လှုပ်ရှားစွာဖြင့် ယူလိုက်သည်။ အထဲတွက်ဘာများဖြစ်နိုင်မလဲမှန်းဆရင်း ရင်လည်းခုန်လာသည်။ သူ့အတွက်ပထမဆုံးမွေးနေ့လက်ဆောင်ပေးသည့်သူက ဦးရီးတော်ဖြစ်နေသည်က သူ့အတွက်အကောင်းဆုံးသောမွေးနေ့ဖြစ်နေနှင့်ပြီ။
အပေါ်ကိုနည်းနည်းမြှောက်လိုက်ပြီး
''နည်းနည်းလေးတယ်နော်ဆိုင်းရက်စ်.......အထဲမှာဘာတွေလဲမသိဘူး........''
လေးထောင့်ဗူးအား လှုပ်ခတ်လိုက်တော့ အသံတစ်ချို့ထွက်ပေါ်လာသည်။ သေချာပေါက် မာသည့်အရာတစ်ခုခု။
''မွေးနေ့မှာပျော်ရွှင်ပါစေကျိန်းဝေ........''
ညအချိန်။ လေအေးအေးတို့ကတိုက်ခတ်နေသည်။ လက်ပံပင်အောက်တွင် ဖယောင်းတိုင်၏ အလင်းရောင်သာရှိနေလေသည်။ သူ့မျက်စိရှေ့တွင် လှပလွန်းသော ကြွေရုပ်လေးတရုပ် ရပ်နေလေသည်။ လုံးဝအပြစ်ပြောရက်စရာပင်မရှိ။
ထိုကြွေရုပ်လေး၏ နှုတ်မှထွက်လာသောစကားလုံးတို့က ပျားရည်ကဲ့သို့ချိုမြလွန်းလှသည်။ ဦးရီးတော်က သူ့အား ထိုကဲ့သို့ မူးရစ်စေခဲ့ပါသည်။

YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ