''အကိုဆိုင်းရက်စ်.........''
ဒီရက်ပိုင်း ဆိုင်းရက်စ်က ထူးဆန်းလာလေသည်။ လျိုကျိန်းဝေဟူသည့်အရှုပ်ထုတ်ကိုပင် သိပ်မတွေ့တော့ပေ။ ပြန်ရောက်လာပုံရသည့် ကျန်းခဲ့ရှင်းကိုလည်း ရှောင်နေသည်။
''ပြော.....ဘာကိစ္စလဲ....''
သူ့အားအေးတိအေးစက်ကြည့်ကာ ပြန်ပြောလာဟန်ကြောင့် လန့်ဖြန့်သွားရသည်။
''ကုန်နေပြီမဟုတ်လား......အကို့အတွက်ယူလာပေးတာ.....ဒီတိုင်းဆက်သွားနေရင်.....အကိုတစ်ယောက်ယောက်ကို.....ထိခိုက်အောင်လုပ်မိလိမ့်မယ်....''
ဆေးထုတ်အား မျက်စိရှေ့ရှိစားပွဲပေါ်သို့တင်ပေးကာ လှည့်ထွက်လာခဲ့သည်။ အကို့အကြောင်း သူသာအသိဆုံးဖြစ်သည်။ ဒါ့ကြောင့်လည်း အကိုလုပ်သမျှသူ ယုံကြည်စွာ လွှတ်ပေးထားခဲ့သည်။ ငြိမ်းချမ်းရေးပွဲတော်သို့ သွားတုန်းကလည်း သူမတားခဲ့ပေ။ သို့ပေမယ့် မနေ့က စကားဝိုင်းကြောင့် သူစိုးရိမ်မိသည်။ အကိုဆိုင်းရက်စ်က အသိစိတ်ထပ်လွတ်သွားမည်ကို သူမကြည့်ရက်နိုင်ပေ။
''မယ်မယ်......အိပ်ဆောင်ကို ပြန်မှာပါလား.......''
''မင်းကြီးဆီသွားချင်တယ်.....ငါမင်းကြီးကိုတောင်းဆိုစရာရှိတယ်........''
''မယ်မယ့်မှာ တော်ဝင်ရင်သွေးလေးရှိတာဘဲ.....အရှင်မင်းကြီးကဖြည့်စည်းပေးမှာသေချာပါတယ်...''
ဘေးကအစေခံတွေဆီကစကားကို လျစ်လျူ ရှုထားလိုက်ရင်း မင်းကြီးရှိရာ ညီလာခံခန်းမဆီသို့ ရောက်လာခဲ့သည်။
''မင်းကြီး.....ကျိုးတိုင်းပြည်က စစ်သူကြီး ရှစစ်ဝေနဲ့ မင်းသမီး၆ ရဲ့ မင်္ဂလာပွဲကို ပြန်ပြီးစဉ်းစားပေးသင့်ပါတယ်.....တိုင်းပြည်ရဲ့ ရတနာ တစ်ခုဖြစ်တဲ့ မင်းသမီးတစ်ပါးကို အနုတ်စုတ်ဂုတ်စုတ် ဘဝကလာတဲ့ သာမန်လူတန်းစားဆီ ပေးပစ်လိုက်ဖို့ဆိုတာ က အင်မတန် မှ မိုက်မဲရာကြလွန်းပါတယ်......အဲ့ဒီ့အစား....အနောက်တိုင်းပြည်......ဒါမှမဟုတ်.....မြောက်ပိုင်းဟန်လူမျိုးတွေရဲ့ ဘုံရန်သူဖြစ်တဲ့ တောင်ပိုင်းက မွန်ဂိုလီးယားတွေဆီ ပေးပစ်လိုက်ရင်....မဟာမိတ်လည်းပိုတိုးလာပြီး....တစ်စုတစည်းတည်းဖြစ်အောင်....စုစည်းနိုင်မှာပါ......''
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ