8(Unicode)

38 1 1
                                    

သာယာလှသော မနက်ခင်းလေးတစ်ခု။

''နင်.....နင်......''

''ဘာလဲ....နင်နဲ့ငါနဲ့ကအသက်တူတူလောက်ဘဲ.....မယ်မယ်လို့မခေါ်နိုင်ဘူး.......ခေါ်စေချင်ရင် ကလေးတစ်ယောက်အရင်မွေးလိုက်.....''

''နင်.......''

ငရုတ်သီးကဲ့သို့နီရဲနေသောမျက်နှာထားဖြင့် မိဖုရားဟန်က သူ့အားပြေးရိုက်လေသည်။ သူကလည်းပြေးသည်။

''ဘယ်မယ်မယ်က အဲ့လို လိုက်ရိုက်တာမြင်ဖူးလဲ.....''

''နင်ရပ်လိုက်စမ်း.......''

''နျင်အာ......''

''အားကျိန်း.....''

သူတို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက်မျက်နှာချင်းဆိုင်ကြည့်မိလိုက်သည်။

''မင်းသား၅......''

သူတို့နှစ်ယောက်အချင်းချင်းနှုတ်ဆက်ပြီးနောက်

''အားကျိန်း.....လာ.....''

''အကိုတော်၅......ကျတော်ပြောတာမမှားဘူး.....သူနဲ့ကျတော်က အသက်မှမကွာတာ....ပြောရရင်သူကတောင်ငယ်ဦးမယ်......''

''ဟုတ်ပေမယ့်....အားကျိန်း.....ဒါက ကြင်ယာတော်တစ်ယောက်ဘဲလေ.......''

အားကျိန်းကခဏလောက်တွေးတောလိုက်ပြီး

''သူ့ဘေးက ကုန်းကုန်းကိုလည်းကြည့်ပါဦး......ခန္ဓာကိုယ်က တောင့်ဖြောင့်နေတာ........ဟန်ဆောင်ပြီးဝင်လာတာလားမသိဘူး......''

''နင်......''

''နျင်အာ......အပြုအမူကိုထိန်းပါ.....''

အားကျိန်းကို လက်ဆွဲ နောက်ကိုပို့လိုက်ပြီး

''မိဖုရားဟန်.....စိတ်မတိုပါနဲ့.....အားကျိန်းက အရွယ်တူကစားဖော်မရှိခဲ့လို့ စနောက်ပြီး ဆော့ချင်နေတာပါ.......ခွင့်လွှတ်ပေးလိုက်ပါ.....''

'ဟင့်'ခနဲနှာမှုတ်လိူက်ပြီး

''သက်တူရွယ်တူဆိုရင်တောင် နေရာမတူဘူးဆိုတာတော့သိထားသင့်တာပေါ့....''

ထိုအခါအားကျိန်းက နောက်ကနေခေါင်းပြူပြီး

''သိထားတာပေါ့....နင်ကအမေနေရာမှာလေ.....မြန်မြန်အိုမှာ.....''

The Secret Of Red Rose (Complete)Where stories live. Discover now