10(Unicode)

25 1 0
                                    

''..........''

''..........''

''...........''

''မင်း......မင်းတို့.......''

ဦးရီးတော်ရဲ့မျက်နှာကအနည်းငယ်နီရဲနေကြောင်း မီးရောင်မှိန်မှိန်လေးအောက်တွင် သိနိုင်ပေသည်။

ဦးရီးတော်အားချုပ်၍ သူတို့ ၃ယောက်  အတင်းအဝတ်လဲပေးခဲ့သည်။ ဦးရီးတော်ရဲ့အင်္ကျီကိုမချွတ်တတ်၍ ဆွဲဖြဲမိသလိုဖြစ်သွားလေသည်။ ယခု ဦးရီးတော်က သူတို့သုံးယောက်အား စိုက်ကြည့်နေလေသည်။

သူတို့လည်းခေါင်းငုံ့ထားရုံသာတက်နိုင်သည်။ ဦးရီးတော်သဘောကျသည့် အပြာရောင်ဝတ်စုံ ဖြစ်၍ ပိုပြီးစိတ်ဆိုးနေပုံရသည်။

ဦးရီးတော်ကသက်ပြင်းချလိုက်ပြီး

''အ...အဝတ်...တွေ...ယူခဲ့.....''

သူမျက်စိလှန်၍ကြည့်မိလိုက်ချိန်တွင် ဖြူစွတ်နေသော ဗိုက်သားလေးအား ပြဲနေသည့်အဝတ်ကြားမှ မြင်ဖြစ်အောင်မြင်လိုက်ရပါသည်။

သူ့နှလုံးခုန်နှုန်းတွေက တဖြေးဖြေးပိုမြန်လာသည်။

ဦးရီးတော်က အဝတ်ကိုချွတ်လိုက်တဲ့အချိန်တွင် အသက်ရှူပင်ရပ်သွားသလို။

''ဆိုင်းရက်စ်.......''

ရွှန်းလဲ့သောမျက်ဝန်းများဖြင့် မင်းသား၇က ဦးရီးတော်အားကြည့်နေလေသည်။ ဦးရီးတော်ကမတ်တပ်ရပ်လိုက်ပြီး

''အဝတ်ကိစ္စကိုနောက်မှရှင်းမယ်.......ကိုယ်....ဒါကိုမဝတ်တတ်ဘူး.......ကျိန်းဝေ.....ကိုယ့်ကိုကူဝတ်ပေး......''

''.......''

''လန်အာ......အပြင်မှာထွက်နေပါ.....အမျိုးသမီးတစ်ယောက်အနေနဲ့မသင့်တော်ဘူး....''

''ကောင်းပါပြီဦးရီးတော်.....''

မင်းသမီး၆အမြန်ပြေးထွက်သွားသည့်တိုင် မင်းသား၇ကမလှုပ်မယှက်ရှိနေလေသည်။

''ကျိန်းဝေ.......မင်းမလုပ်ချင်ရင်....ကိုယ်ဝူခယ့်ကို......''

''ကျတော်လုပ်ပေးပါ့မယ်.....''

ဦးရီးတော်အနားကိုတစ်လှမ်းချင်းကပ်သွားပြီး အဝတ်ကိုယူလိုက်သည်။ ဦးရီးတော်ရဲ့ဝတ်စုံကိုဝတ်ပေးရင်း သူ့လက်ဖျားတွေက ဦးရီးတော်ရဲ့ အရေပြားအပေါ်မှာ ပြေးလွှားနေမိသည်။ ဦးရီးတော်နှင့်မျက်နှာချင်းဆိုင်လိုက်ပြီး အဝတ်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ပေးမိသည်။

The Secret Of Red Rose (Complete)Where stories live. Discover now