''တားမြစ်ထားတဲ့အပိုင်းဘက်ရောက်နေတယ်ဆိုတာ....ဘယ်လိုအသိပေးကြမလဲ.......''
အစကတော့ လေးယောက်ရန်ဖြစ်ရန်ကြံနေမိသေးသည်။ ခုတော့ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ။ မမှီချင်လည်းမှီရမည်။ မှော်သားရဲနှစ်ကောင်က ဂူအရှေ့မှာ ဇိမ်ပြေနပြေကိုထိုင်စောင့်နေသည်လေ။
''အ့.....''
''ဘာဖြစ်လို့လဲကျိုအာ.....''
''ကျောက်ခဲ.....ခေါင်းကိုလာမှန်လို့......''
ကျောက်ခဲလာရာနေရာကို လှမ်းကြည့်တော့ အမည်းရောင်ဝတ်ရုံနှင့်လူတစ်ဦး။ ပင်စည်ကြီးသော်လည်းခြောက်သွေ့နေသည့် အပင်အောက်တွင်ပုန်းခိုလျက် သူ့တို့တည်ရှိရာဂူထဲအားလှမ်းကြည့်နေလေသည်။
''ကျောက်ခဲမှာ စာပါတယ်....''
ကျိုအားရဲ့အသံနဲ့အတူ ကျောက်ခဲတွင်ပတ်ထားသော စာရွက်အားဖြန့်ကြည့်လေတော့
{စောင့်ကြည့်သူပါ။ မကြာခင် အာရုံလွှဲပေးပါ့မယ်။ ဝိဥာဥ်တောအုပ်သို့ပြန်ပါ}
တိုတိုနှင့်လိုရင်းရောက်သည့်စာ။
''ကျိုအာတို့ ထွက်ပြေးလို့ရတော့မယ်......''
''ဟုတ်ပြီ....''
မုန့်လဲ့ရှားနဲ့ကျိုအားတို့ပျော်နေသော်လည်း ရှစစ်ဝေနဲ့ သူကတော့သတိကြီးကြီးထားနေရလေသည်။
ရှစစ်ဝေကတော့ သူ့(လျိုကျိန်းဝေ)အားအန္တရာယ်မပြုအောင်စောင့်ကြည့်နေရ၍ သတိထားနေရသော်လည်း သူကတော့ ဝွမ်ကျောက်ရန်၏ အဆောင်ကိစ္စနှင့် လွယ်လွယ်ကူကူမယုံနိုင်သော ထိုဝတ်ရုံနက်ကိုသတိထားနေရခြင်းဖြစ်သည်။
ထို့နောက်တွင်တော့အပြင်မှလှုပ်ရှားသည့်အသံများကြားနေရသည်။
မှော်သားရဲတို့၏အော်သံများနှင့် တဖြည်းဖြည်းဝေးကွာသော ခြေသံများ။
ပြီးတော့အထဲကိုဝင်လာတဲ့ဝတ်ရုံနက်တစ်ယောက်။
ရှစစ်ဝေက သူ့ရဲ့ဓားကို ခုခံကာကွယ်ဖို့အသင့်ပြင်ထားချိန်တွင် ထိုဝတ်ရုံနက်က ရှစစ်ဝေဆီတည့်တည့်လျှောက်လာလေသည်။
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ