🩺Dear uncle doctor(အပိုင်း-၂၆)🩺

231 9 0
                                    

"အဲ့လောက်တောင်စိတ်လှုပ်ရှားနေတာလား"

လုရန် ရှရှ လက်ကို လွှတ်လိုက်ကာ လက်မှချွေးတွေကိုသုတ်ပေးလိုက်သည်

ရှရှ အနည်းငယ် အားနာသွားကာ လုရန်လက်သုတ်ပေးနေတာကိုငုတ်ပီးကြည့်နေလိုက်သည်

ခုနက လုရန်ပြောတဲ့စကားတွေက ရှရှနားထဲမှာ အသံသွင်းထားသလို ပြန်ပြန်ကြားနေရလေသည်

လုရန် သူချစ်တဲ့မိန်းကလေးက စိတ်ထဲမှာ စိုးရိမ်နေတယ်ဆိုတာ သူသိပါသည်

ဒီနေ့ညအတွက်က ဒီအခြေအနေက တော်တော်ကို အခြေအနေကောင်းနေပီဖစ်တာကြောင့် တဖြည်းဖြည်းချင်းနောက်မှအဆင်ပြေအောင်ကြိုးစားရမည်ဖစ်သည်

လုရန် ရှရှလက်ကချွေးတွေသုတ်ပီးနောက် လက်ကိုပြန်ကိုင်လိုက်ကာ....
"မင်းမှာ ကိုယ့်ကိုမပြောပြချင်တဲ့ကိစ္စတွေရှိတာကိုယ်သိပါတယ် အဲ့ဒါတွေက ကိစ္စမရှိပါဘူး မင်းပြောချင်တဲ့အချိန်ထိကိုယ်စောင့်ပေးမယ် ဒါမယ့်တခုပဲသိထားပေး အဲ့အရင်ကကိစ္စတွေကြောင့်နဲ့တော့ကိုယ့်ကိုထိခိုက်အောင်မလုပ်ပါနဲ့ ခုကစပီးမင်းဘေးမှာကိုယ်ရှိတယ်ဆိုတာကိူသိထားပေးပါ"

ရှရှ လုရန်ပြောတာကိုနားထောင်ပီးနောက် ခဏငြိမ်သွားပီးမှ ခေါင်းငြိမ့်လိုက်ကာ....
"အွန်း"

ရှရှ သူအမြဲတမ်း သတိရတမ်းတနေတဲ့အလင်းရောင်က ခုဆိုသူမဘေးနားရောက်နေပီးဖစ်တာကြောင့် ကိုယ့်ကိုအဲ့လောက်ထိလည်းကံမဆိုးသေးဘူးလို့ တွေးနေမိသည်

ရှရှနေတဲ့ တိုက်အောက်ရောက်တော့ ရပ်လိုက်ကာ...
"တက်သွားတော့"

"အွန်း လုဆရာဝန် ဘယ်လိုပြန်မှာလဲ"

"ကိုယ် ကားငှါးပီး အရင်ဆေးရုံပြန်ပီးကားပြန်သွားယူဦးမယ် မတက်နိုင်ဘူးလေ ထွက်ပြေးသွားတဲ့သူနောက်အရင်လိုက်ရတာပေါ့"

"နောက် ကိုယ်ညဆိုင်းမရှိတဲ့ရက်တွေဆိုကိုယ်ကို လိမ်လိမ်မာမာနဲ့ စောင့်နေ"

"အွန်း"

ရှရှ ခေါင်းငုံ့ပီးရှက်နေတဲ့ပုံက လုရန်မျက်လုံးထဲမှာအရမ်းချစ်ဖို့ကောင်းနေတာကြောင့် လက်ကိုမလွှတ်ပေးချင်တော့ပေ

Dear uncle doctor🩺(Complete)Where stories live. Discover now