Ep3(U)

427 25 1
                                    

မင်းထင်အိမ်ပေါ်ကိုတတ်လာပီးနားနေတုန်း

"မောင်ထွေးရေ......."

"ဗျာသူကြီးလာပီဗျ"

"ရော့...... ဒါကိုယူမြို့အုပ်မင်းတို့အတွက်ထမင်းပွဲပြင်ထားလိုက်ငါခေါ်ပီးဆင်းခဲ့မယ်"

"ဟုတ်ကဲ့ဗျ"

"ဟာ...သူကြီးလာလေဗျာ"

"နေရထိုင်ရအဆင်ပြေရဲ့လားမြို့အုပ်မင်းရဲ့ မပြေရင် ကျုပ်အိမ်ပြောင်းလာလို့ရတယ်နော်"

"ဟာ....မဟုတ်တာပြေပါတယ်ဗျာ..အလွန်ပြေလွန်းလို့ဒီရွာမှာအခြေချရင်ကောင်းမလားစဥ်းစားနေတာ.."

"ဟား...ဟား.....ဟား....ဟား..မြို့အုပ်မင်းတို့ကနောက်ပီဗျို့"

"မနောက်ပါဘူးဗျာ......ထားပါတော့....လာရင်းကိစ္စလေးဆိုစမ်းပါဦး"

"အော်ဟုတ်သားဘဲ ကျုပ်ဖြင့်စကားကောင်းနေတာမေ့လျော့မယ် မြို့အုပ်မင်းတို့အတွက်ညစာလာပို့ပေးတာပါ"

"အော်ဟုတ်သလား..ဒါဆိုရင်ဖြင့်ကျေးဇူးတင်ပါတယ်ဗျာ...ဒါပေမယ့် ဒီလိုညစာမျိုးကို ဒီတစ်ညဘဲလက်ခံပါရစေ ေနာက်ရက်များကြကျုပ်ဖြင့်မောင်အေးကိုချက်ပြုတ်ခိုင်းလိုက်ပါ့မယ် သူကြီးတို့်ဖြင့်အလုပ်တွေပိုမှာစိုးလို့ရယ်.."

"မဟုတ်တာမြို့အုပ်မင်းရယ်ရွာကိုတာဝန်နဲ့လာတုန်းလေးဧည့်ခံပါရစေ... "

"ကျုပ်ဖြင့်စေတနာတွေကိုလက်ခံလိုပါရဲ့သူကြီးရယ်.... ကျုပ်ကြောင့်နဲ့တာဝန်တွေပိုပါရဲ့... ကိုင်း အောက်ကိုသွားစို့"

"အော်..ဟုတ်.....ဟုတ်ကဲ့ဗျ"

သူကြီးဖြင့်အကြံအိုက်ရလေသည် ထမင်းလာပို့ခိုင်းရင်းသမီးကညာနဲ့နီးစပ်စေချင်သော်လည်းမြို့အုပ်မင်းကလမ်းကြောင်းတွေများပိတ်နေရော့သလား....

"ကိုင်း...သူကြီးတူတူလက်ဆုံစားရအောင်..တခါထဲလာလေ"

မင်းထင်အပြောကိုသူကြီးက

"ရတယ် မြို့အုပ်မင်း...ကျုပ်ဖြင့်မဆာသေးတော့အိမ်ရောက်မှဘဲ စားလိုက်ပါ့မယ် မြို့အုပ်မင်းတို့လိုတာရှိရင်ပြောပါအားမနာပါနဲ့"

မြို့အုပ်မင်းရဲ့ဝလုံးလေးWhere stories live. Discover now