ထိူနေ့က နှစ်ယောက်သားအလုပ်ရှုပ်နေတာနဲ့မတွေ့ဖြစ်ကြပေ....
မြို့သွားမယ့်မနက်,
"လုံးလုံးရေ လုံးလုံး "
မင်းထင်လှမ်းခေါ်သောအခါ အိမ်ထဲကထူးသံလေးတစ်ခု
"ဗျာ"
လုံးလုံးလည်းထူးပြီးတာနဲ့ အပြင်ဘက်ကိုအကြည့်အရောက်
"သွားစို့လေ "
"ဟုတ်ဟုတ် လာပီဗျ"
ပြောပီးသည်နှင့် အထုတ်အပိုးတွေကိုအိမ်ရှေ့အရင်ချရလေသည် ဘယ်လောက်ကြာမယ်မသိသောခရီးကြောင့် အိမ်တံခါးကိုလုံအောင်ပိတ်ရလေသည်။အကုန်ပီးစီးသည်နှင့် ပြန်အလှည့်
"အယ့် အထုတ်တွေက "
"ကိုကားပေါ်တင်ပီးပီ တံခါးသေချာပိတ်ပီးပီလား"
"ဟုတ်ပီးပီဗျ "
"ကဲဒါဆို ဘကြီးအောင်ဆီသွားစို့ "
ဘကြီးအောင်ကို သွားခေါ်ဖို့အလှည့် ခြံဝ၌
"ငါရောက်ပီဟေ့ "
"အခုဘဲလာခေါ်တော့မို့ဗျ"
မင်းထင်အပြောကို
"မလိုပါဘူးကွာ ...ငါကလာတတ်ပါတယ်ဟ ကဲ သွားစို့လေ တော်ကြနေရော့မယ် "
"ကောင်းပါပီဗျ "
လူလည်းစုံပီးဖြစ်တာကြောင့် ကားကေ မန်ကြီးပင်တန်းရွာမှ မြို့အုပ်မင်းရဲ့ နေအိမ်သို့ တစ်လှိမ့်လှိမ့်ထွက်ခွါလာတော့လေသည်။
စံအိမ်ကြီးသို့ရောက်သော်
"ကဲ ရောက်ပီဗျ လာ "
မြို့အုပ်မင်းက ဦးဆောင်ကာ အိမ်ထဲသို့ဝင်သွားလေသည်။လုံးလုံးလည်း မိမိရှေ့ကမြင်နေရသော အိမ်ကြီးနှင့်ခြံကြီးအား ကြည့်ကာ ပါးစပ်မစိနိုင်ပေ ။ဘကြီးအောင်က တိတ်ဆိတ်ခြင်းကိုစတင်ဖြိုခွဲလိုက်လေသည်
"ကျုပ်ဖြင့် မြို့အုပ်တေွချမ်းသားတာသိပေမယ့် ဒီလောက်ထိဖြစ်မယ်မထင်ဘူးကို့လူ မောင်မင်းထက်က လူလေးငယ်သလောက် အတော်လေးငွေရှာကောင်းသကိုး"
"မဟုတ်ရပါဘူးဗျာ ဒါက ဘိုးဘွားပိုင်အိမ်ကြီးပါဗျာ ကျွန်တော့ရဲ့အိမ်က ဟိုဘက်ကခြံက အိမ်ကမှ ကျွန်တော့်အပိုင်ငွေနဲ့ဝယ်ထားပါဗျာ ဒီလောက်တော့မချမ်းသာပါဘူး လုပ်ခလေးရရင်ဖြင့် အနာဂတ်အတွက်စုနေရတာနဲ့ ဘာမှတောင်မဝယ်ခြမ်းမစုဆောင်းဖြစ်ပါဘူးဗျာ"
YOU ARE READING
မြို့အုပ်မင်းရဲ့ဝလုံးလေး
Romanceမြို့အုပ်ကြီးရဲ့သဲမှုကဲမှုအဖြာဖြာကို ဖတ်ရှုပေးကြပါဦးလို့