မင်းထင်အိမ်ပေါ်ကိုတတ်လာပီးနားနေတုန်း
"မောင်ထွေးရေ......."
"ဗျာသူကြီးလာပီဗျ"
"ရော့...... ဒါကိုယူမြို့အုပ်မင်းတို့အတွက်ထမင်းပွဲပြင်ထားလိုက်ငါခေါ်ပီးဆင်းခဲ့မယ်"
"ဟုတ်ကဲ့ဗျ"
"ဟာ...သူကြီးလာလေဗျာ"
"နေရထိုင်ရအဆင်ပြေရဲ့လားမြို့အုပ်မင်းရဲ့ မပြေရင် ကျုပ်အိမ်ပြောင်းလာလို့ရတယ်နော်"
"ဟာ....မဟုတ်တာပြေပါတယ်ဗျာ..အလွန်ပြေလွန်းလို့ဒီရွာမှာအခြေချရင်ကောင်းမလားစဉ်းစားနေတာ.."
"ဟား...ဟား.....ဟား....ဟား..မြို့အုပ်မင်းတို့ကနောက်ပီဗျို့"
"မနောက်ပါဘူးဗျာ......ထားပါတော့....လာရင်းကိစ္စလေးဆိုစမ်းပါဦး"
"အော်ဟုတ်သားဘဲ ကျုပ်ဖြင့်စကားကောင်းနေတာမေ့လျော့မယ် မြို့အုပ်မင်းတို့အတွက်ညစာလာပို့ပေးတာပါ"
"အော်ဟုတ်သလား..ဒါဆိုရင်ဖြင့်ကျေးဇူးတင်ပါတယ်ဗျာ...ဒါပေမယ့် ဒီလိုညစာမျိုးကို ဒီတစ်ညဘဲလက်ခံပါရစေ ေနာက်ရက်များကြကျုပ်ဖြင့်မောင်အေးကိုချက်ပြုတ်ခိုင်းလိုက်ပါ့မယ် သူကြီးတို့်ဖြင့်အလုပ်တွေပိုမှာစိုးလို့ရယ်.."
"မဟုတ်တာမြို့အုပ်မင်းရယ်ရွာကိုတာဝန်နဲ့လာတုန်းလေးဧည့်ခံပါရစေ... "
"ကျုပ်ဖြင့်စေတနာတွေကိုလက်ခံလိုပါရဲ့သူကြီးရယ်.... ကျုပ်ကြောင့်နဲ့တာဝန်တွေပိုပါရဲ့... ကိုင်း အောက်ကိုသွားစို့"
"အော်..ဟုတ်.....ဟုတ်ကဲ့ဗျ"
သူကြီးဖြင့်အကြံအိုက်ရလေသည် ထမင်းလာပို့ခိုင်းရင်းသမီးကညာနဲ့နီးစပ်စေချင်သော်လည်းမြို့အုပ်မင်းကလမ်းကြောင်းတွေများပိတ်နေရော့သလား....
"ကိုင်း...သူကြီးတူတူလက်ဆုံစားရအောင်..တခါထဲလာလေ"
မင်းထင်အပြောကိုသူကြီးက
"ရတယ် မြို့အုပ်မင်း...ကျုပ်ဖြင့်မဆာသေးတော့အိမ်ရောက်မှဘဲ စားလိုက်ပါ့မယ် မြို့အုပ်မင်းတို့လိုတာရှိရင်ပြောပါအားမနာပါနဲ့"
YOU ARE READING
မြို့အုပ်မင်းရဲ့ဝလုံးလေး
Romanceမြို့အုပ်ကြီးရဲ့သဲမှုကဲမှုအဖြာဖြာကို ဖတ်ရှုပေးကြပါဦးလို့