မင်းထင်ရဲ့နိုးထလာတဲ့မနက်တိုင်းကစားတဲ့အစားအစာတွေထဲမှာ ဒီတစ်ခါအကောင်းဆုံးပေ ကောင်ငယ်လေးရဲ့ မျက်နှာလေးကိုကြည့်ရင်း စားရတာ မဝပေမယ့် အလုပ်ရှိသေးတော့ မြန်မြန်သွက်သွက်လက်စသက်ရလေသည် ကောင်ငယ်လေးလည်းစားသောက်လက်စသက်ပီးချိန်
"ကဲမောင်အေး ဒါက ဖိုးဝလုံးတဲ့ နွားခြံကိုသူဦးစီးလိမ့်မယ် "
"ဟုတ်ကဲ့ဆရာ "
"လုံးလုံး ဒါကကို့တပည့် မောင်မောင်အေးတဲ့ ကိုမရှိတဲ့အချိန်တွေအခက်အခဲ တစ်ခုခုဖြစ်ရင်သူ့ပြောလို့ရတယ် ကြားလား"
"မရှိရအောင် ခင်များကဘယ်သွားမို့တုန်း"
"အော် ကို့မအားတဲ့ချိန်မျိုးတွေပေါ့ လူကတော့ ကိုနွားအကောင်ရေဘယ်လောက်ရမလဲမသိသေးတော့ မငှားထားဘူး ကိုကခန့်မှန်းချေ ၂၅ ၃၀လောက်လိုချင်တာ လူလိုရင်ထပ်ခေါ်နော် ကိုကလုံးလုံးကိုဦးစီးခိုင်းတာ အောက်ခြေသိမ်းဝင်လုပ်ဖို့မဟုတ်ဘူးနော် သူများလယ်အငှားလုပ်ရင်ပင်ပန်းမှာစိုးလို့ ဦးစီးခိုင်းတာ ကြားသလား လစာကတော့ ခင်များလေးလက်ထဲကိုအကုန်အပ်ထားမို့ လိုသလောက်ယူသုံးလို့ရတယ် ကြားသလားကောင်လေး"
"တန်ရာဘဲယူမှာပါဗျာ သူများပိုက်ဆံအလကားမလိုချင်ပေါင်"
"ဟောဗျာ ဘာသူများပိုက်ဆံတုန်း ကိုယ့်အိမ်ထောင်ဦးစီးငွေ ကိုယ့်ငွေပေါ့ မဟုတ်ပေဘူးလား"
"မိုးလင်းတာနဲ့စပီ အဲ့စကားက ခင်များဟာလေတကယ် အသက်ကြီးပီးရှက်ကြောမရှိတဲ့လူကြီး ခင်များပီးရင်လိုက်ခဲ့ခြံရှေ့ကစောင့်နေမယ် "
ပြောပီးတာနဲ့ခြေကိုဆောင့်လို့ထွက်သွားသော ကောင်ငယ်လေးကိုကြည့်ရင်း ဟက်ဟက်ပက်ပက်ရီမိပြန်လေသည်
"ဒီလိုလေးဘဲကို့အပေါ်အမြဲဆိုးပေးနေရင်ကောင်းမယ်ကွာ....."
"ဆရာ "
"ဟေ ပြော"
"ဆရာ ကျွန်တော်ထင်သလို မဟုတ်ဘူးမို့လား"
"ဟုတယ် ထင်နေသလိုအဟုတ်ဘဲ ငါရဲ့ဖူးစာဖက်တွေ့ခဲ့ပီထင်ပါရဲ့"
"ဒါပေမယ့် ဆရာရယ်သူကယောက်ျားလေးတစ်ယောက်လေ ဆရာရဲ့ရာထူးနဲ့ ဒီလိုကြလိုက်ဖက်ပါ့မလား"
YOU ARE READING
မြို့အုပ်မင်းရဲ့ဝလုံးလေး
Romanceမြို့အုပ်ကြီးရဲ့သဲမှုကဲမှုအဖြာဖြာကို ဖတ်ရှုပေးကြပါဦးလို့