မင်းထင်လည်းအမှီပြေးလို့လိုက်ရလေသည် တော်သေးသည်ဘုရားရှေ့ ရောက်တော့ကောင်လေးကရပ်စောင့်နေလို့
"အရမ်းနှေးတယ်ဗျာ ကျုပ်ဖြင့်စောင့်ရတာကြာကြီးရယ်"
"အော် ပြောတတ်ရန်ကောခင်များလေးရယ် ခင်များလေးကရှေ့ကဇွတ်ပြေးတာလေကွယ် မသိရင်ဖြင့်နောက်ကကျားလိုက်လာသလိုဘဲ"
"ဟုတ်နေတာဘဲ ကျားကြီးလေ ဟား..ဟား...ဟား"
"လှောင်ထားပါ လှောင်ထား အဲ့ကျားကဘယ်လောက်အသားစားကျူးလဲနောက်မှ သိမယ် "
"အို့ ခင်များကြီးနော် စကားပြောဆင်ခြင် ဘုရားရှေ့ကြီးမှာ"
နီမြန်းလို့ရှက်သွားတဲ့ကောင်ငယ်လေးရဲ့ မျက်နှာလေးဟာ ကိုယ့်အတွက်တော့အမောပြေရာလေးတစ်ခုလိုပင်....
"ကောင်းပါပီဗျာ မစတော့ပါဘူး လာ ဘုရားပေါ်တတ်စို့"
"ခင်များကြီးရှေ့က သွားလေ "
"ဟောဗျာ အတူသွားတော့ဘာလို့တုန်း "
"အော် မတူဘူးလေဗျာ ခင်များကြီးက ကျုပ်ထက်အသက်ဝါအရလည်းကြီးတယ် ပီးတော့ ရာထူးရာခံအရ မြို့အုပ်မင်းနဲ့ ယှဥ်တွဲလို့မသွားချင်ပေါင် အစထဲကမှ လူက သေးညှပ်ရတဲ့ကြား ခင်များနဲ့လည်း ယှဥ်သွားရော ကျုပ်က ကလေးသာသာဖြစ်သွားရော "
"ဟောဗျာ မဆိုင်ပါဘူးကောင်လေးရာ အသက်အရွယ်အရကြီးတာမှန်ပေမယ့် ကိုယ်ကဖြင့် ဒီကကောင်ငယ်လေးနဲ့ ယှဥ်တွဲပီးဘုရားသွားကျောင်းတတ်လုပ်ချင်မိပါရဲ့ ရာထူးရာခံကတော့ ခေါင်းထဲထည့်မနေနဲ့ တစ်ချိန်ကြ ခင်များလေးက ကိုယ့်ထက်တောင် ရာထူးကြီးဦးမှာလေ လူကောင်ကလည်းအဲ့လောက်မသေးပါဘူး "
"ဘာ ခင်များကြီးကနော် ဘာယှဥ်တွဲသွားရမှာလဲ ကျုပ်ကအခုက စေတနာနဲ့ မရောက်ဘူးလို့လိုက်ပို့ပေးတာ ခင်များနဲ့အတူတူကမသွားချင်ပေါင် ပီးတော့ ရာထူးကကြီးရအောင် ဘယ်မလဲအတန်းပညာ ပီးတော့လူကောင်က ခင်များနဲ့ယှဥ်ရင် ဆင်နဲ့ဆိတ်ကိုများ"
"ဟား....ဟား....စွာလိုက်တာကွာ စွာတေးလေးကို ကိုယ်ဖြင့်အသည်းယားလို့ဘယ်လိုလုပ်ရပါ့ လူကောင်ကမသေးဘူး ကိုယ့်ရင်ခွင်နဲ့ကွက်တိဘဲလေ ရာထူးအတွက်ကမပူနဲ့ အတန်းပညာမလိုဘူး ကတော်ဆိုတဲ့စကားလုံးလေးဘဲလိုတာ "
YOU ARE READING
မြို့အုပ်မင်းရဲ့ဝလုံးလေး
Romanceမြို့အုပ်ကြီးရဲ့သဲမှုကဲမှုအဖြာဖြာကို ဖတ်ရှုပေးကြပါဦးလို့