မင်းထင်အိမ်ပြန်ရောက်သော်
"မြို့အုပ်မင်း"
"အော် မောင်ထွေး ရောက်နေတာကြာပီလား"
"သိပ်မကြာသေးဘူးဗျ"
"ကဲလာ ဝင် ထိုင် ကိုင်းဆိုစမ်းပါဦး ဘာထူးလို့လဲ"
"ထူးတာပေါ့ဆရာရယ် မနေ့ကညနေစောင်း နွားသွင်းချိန် ဟိုနှစ်ရွာကျော်လောက်ရယ် ဟိုဘက်ကရွာရယ်က နွားပျောက်လို့တဲ့ ဆရာ "
"ဟေ ဟုတ်သလား ဘယ်နှစ်ကောင်လဲကောသိလား"
"အာ့တော့မသိခဲ့ဘူးဆရာ ဆရာအတိအကျသိချင်ရင် အဘအောင်ကြီးကိုသွားမေးကြည့်ပါလား"
"ဆိုစမ်းပါဦး "
"ဒီလိုလေ မြို့အုပ်မင်းရဲ့ အဘက ရွာစဉ်ပတ်ပီး ဆေးကုနေတော့သိလောက်တယ် တချို့ကိစ္စတွေဆို သူကြီးမသိဘူး အဘကအကုန်သိတယ်ဗျာ"
"ဟုတ်သလား အိမ်ခေါ်လို့မသင့်တော်သလို သွားဖို့ကလည်း မျက်စိတွေကများသားနှယ် ဘယ်လိုလုပ်ရပါ့ "
"ကျွန်တော်သွားခေါ်ပေးမယ်လေ "
"နေနေ မောင်ရင် လူကြီးကိုရှုပ်မနေတော့ပါဘူး ကို့ဘာသာဘဲ စုံစမ်းတော့မယ်"
အင်း အဘကိုခေါ်လို့ ဟိုလူတွေမြင်သွားမှဖြင့် အဘအတွက်အန္တရာယ်ရှ်သည်မို့လား ဒီတော့ကား......
"ဟဲ့ မောင်ထွေး ဘာရှာနေတာလဲ"
"ဘာမှရှာပါဘူး "
"ရှာနေတာမြင်ရဲ့သားနဲ့ ကိုင်းပြော"
"ဟိုလေ မောင်အေးကိုမတွေ့လို့်"
"အော် ဘာများလဲလို့ငါ့နှယ် မရှိဘူးငါ့ကောင်ကိုမြို့လွှတ်လိုက်တယ် မင်းရှေ့မှာတင်ပြောတာမဟုတ်ဘူးလား"
"မေ့သွားလို့ ဟီး အာ့ဆို ကျွန်တော်ပြန်လိုက်ဦးမယ် မြို့အုပ်မင်း သူကြီးကပျောက်နေတာကြာရင် တခုခုမေးနေမှာစိုးလို့"
"အေးအေးသွားချည် "
မောင်ထွေးထွက်သွားပီးမှ မင်းထင်လည်း အဘကိုမေးမြန်းဖို့ရာအကြံ ထုတ်ရတော့လေသည်။
"ဆရာ ဆရာ "
"ဟေ အော် အေး ဘာ့တုန်းကပြန်ရောက်တုန်း"
YOU ARE READING
မြို့အုပ်မင်းရဲ့ဝလုံးလေး
Romanceမြို့အုပ်ကြီးရဲ့သဲမှုကဲမှုအဖြာဖြာကို ဖတ်ရှုပေးကြပါဦးလို့