စားသောက်ပီးစီးသည်နှင့်
"ကလေးငယ် ပီးရင်တတ်နှင့်နော် လသာဆောင်ကစောင့်နေလှည့် ကိုအခုတတ်လာခဲ့မယ်"
"ဟုတ်ကဲ့ဗျ အာ့ဆိုတတ်နှင့်ပီနော်"
ပြောပီးသည်နှင့် လုံးလုံးလည်း ဟိုလူကြီးပြောသောလသာဆောင်သို့တတ်လာလိုက်တော့သည်
လသာဆောင်လို့ခေါ်ရခြင်းကိုအခုမှသိတော့သည် ။ အိုဗျာ လှရက်လိုက်လေခြင်း ပန်းနံတွေပါတဲ့လေကိုရှုရိုက်ရင်း မိမိရှေ့တည့်တည့်ကမြင်တွေ့နေရသည့် လုံးဝန်းဝိုင်းဆက်နေသော လတစ်စင်းကို ကြည့်နေရသည်မှာ တနေကုန်ပင်ပန်းထားသမျှကယူပစ်သလိုပင် မြို့ကြီးသားတွေများ ဇိမ်အတော်ယူတတ်ကြပါ့နော့်
တစ်ယောက်တည်းအတွေးတွေတွေးနေတုန်း ရုတ်တရက် လှည့်အကြည့်
မင်းထင်လည်း ကောင်ငယ်လေးစားဖို့ရာ သစ်သီးတစ်ချို့ကိုခွဲစိတ်ပီးနောက် လသာဆောင်ကိုတန်လာခဲ့လေသည်။ဆရာသမားလေးက ဘာတွေအတွေးနယ်လွန်နေသည်မသိ ထိုင်ဖို့ပင်မေ့လျော့နေတော့သည်။ နောက်ကနေ တစ်လှမ်းခြင်းလှမ်းပီး စမည်အလုပ်
"အမလေးလန့်ထှာဗျာ ခင်များနှယ်ခိုးကြောင်ခိုးဝှက် အသံလေးဘာလေးပေးပါလျော့လားဗျ လန့်ထှာ"
"ဟောဗျာ ကိုတစ်ယောက်လုံးတတ်လာတာတောင်မသိရအောင် ဘယ်ပျိုကညာဆီ စိတ်ကရောက်နေတုန်း "
"မရောက်ပါဘူးဗျာ ရှိလည်းမရှိဘူးဘယ်ပျိုကညာမှ "
"ရှိလို့လည်းမရပါဘူး"
လုံးလုံးလည်း ထိုလူကြီးအပြောကိုပြန်လည်ခြေပမည်အလုပ် အခုရပ်နေသည့်ပုံက လူကြီးရင်ခွင်ထဲရောက်လုဆဲဆဲ မိမိအခြေအနေကိုသတိရသွားသောအခါ နောက်သို့ခြေလှမ်းဆုပ်၍
"နည်းနည်းလောက်နောက်ဆုတ်ပါဦးဗျ တကယ်တည်း ကိုယ်နှစ်ခုလည်းထပ်မိတော့မယ် သွားဝေးဝေးသွား"
အပေါ်စီးကကြည့်နေမိသည် မျက်နှာလှလှက ငြိုငြင်နေပီဆိုတော့ ခပ်ခွာခွာလေးပြန်ရပ်လိုက်ပီးနောက်
"ကဲ လာဒီမှာထိုင် ပြောစရာရှိလို့ လုံးလုံးကို."
"ပြော "
YOU ARE READING
မြို့အုပ်မင်းရဲ့ဝလုံးလေး
Romanceမြို့အုပ်ကြီးရဲ့သဲမှုကဲမှုအဖြာဖြာကို ဖတ်ရှုပေးကြပါဦးလို့