Ep17(Z)

87 2 0
                                    

"သူကြီးရေ...သူကြီး.."

"ဟေ ဘယ်သူတုန်းကွ "

"ကျွန်တော်ပါ လုံးလုံး "

"အေးဝင်ခဲ့လေကွာ "

"အော် မြို့အုပ်မင်းလည်းပါလာတာကိုး ထိုင်ပါဗျ ကြွပါ"

"ကနေ့နွားတွေလာမယ်ဆို ခုထိမရောက်သေးပါလား"

"ခဏနေရင်ရောက်ပါလိမ့်မယ် သုံးဆောင်ပါဦး အကြမ်းရည်လေး"

"သူကြီးကိုပြောစရာရှိသေးတယ် ကျုပ်တို့ နောက်၃ရက်လောက်နေရင် မြို့တတ်မို့ရှိတယ် အဲ့တာ အိမ်ကိုမောင်ထွေးကိုခဏစောင့်ခိုင်းလို့ရမလား မောင်အေးကိုက ခေါ်သွားမှာမို့ ရမလား "

"ရပါတယ်ဗျ နွားခြံကော အိမ်ရောကြည့်ခိုင်းထားပေးပါ့မယ် "

"ဒါဆိုရင်တော့ ကျေးဇူးဗျို့ "

"ရပါတယ် ကျုပ်လည်းအကူအညီပြန်တောင်းပါရစေ သမီးနှင်းမြရယ် ရွာဘုရားပွဲကြ လိုတာလေးတွေဝယ်မို့ မြို့တတ်ချင်နေတာ အဖော်မရှိလို့ အဲ့တာ မြို့အုပ်မင်းများလမ်းကြုံခေါ်သွားနိုင်မလားလို့ "

"ဒါဆိုရင်တော့အားနာစရာတွေဖြစ်ကုန်ပီ လုံးလုံးတို့ သားအမိနဲ့ဘကြီးအောင်ကလည်း လုံးလုံးရဲ့အမေကိုဆေးကုဖို့မြို့လိုက်မလို့တဲ့ ကားကလူပြည့်နေပီရယ် ကျုပ်ဖြင့်အားနာလိုက်တာဗျာ"

မင်းထင်လည်းပေါ်တင်သာငြင်းလိုက်တော့သည်။သူကြီးဘာအကွက်တွေရွေ့နေသည်မသိ ရှောင်နိုင်သလောက်တော့ရှောင်ရပေမည်

"အော် ရပါတယ် ဆေးကုမယ့်လူကအရေးကြီးပါတယ် မျက်နှာပူပူနဲ့ဘဲ အကူအညီထပ်တောင်းပါရစေ ရက်နည်းနည်းလေးကြာမှာမို့ တည်းဖို့လေးအကူအညီတောင်းပါရစေ "

သူကြီးလည်း မြို့အုပ်မင်းအကြောင်းသိချင်တာကတစ်ကြောင်း၊သမီးနှင့်နီးစပ်စေချင်တာကတစ်ကြောင်း မတော်လို့မြို့အုပ်မင်းကသေခါနီးဆိုရင်တောင် သူသမီးကမြို့အုပ်ကတော်ဆိုတဲ့ဂုဏ်နဲ့ကျန်ခဲ့မှာမို့လား တခုမဟုတ်တစ်ခုတော့ ရအောင်ကြံရလေမည်

မင်းထင်လည်း စဉ်းစားရကျပ်နေချိန်

"ကူညီလိုက်ပါလူကြီးရယ် မနှင်းမြရမိန်းမသားတစ်ယောက်တည်း သူများအိမ်မှာနေတာ မသင့်တော်ဘူးလေ မြို့အုပ်မင်းအိမ်ကြ လုံခြုံတယ်လေ "

မြို့အုပ်မင်းရဲ့ဝလုံးလေးWhere stories live. Discover now