Ep23(U)

185 19 1
                                    

"ခင်များ အဆင်ပြေရဲ့လား"

"အင်း မပြေဘူးကလေးရယ် သူတို့က သူတိူ့ဖြစ်ချင်တာကို အရမ်းဦးစားပေးလွန်းတယ် ကို့ခံစားချက်လေးလည်း နဲနဲထည့်တွက်ပေးသင့်တာပေါ့ ဟိုးငယ်ငယ်ထဲက ကိုဆိုတာ သူတို့ဘဝအတွက် အဖြည့်ခံလား. "

"မဟုတ်ပါဘူးခင်များရယ် မိဘဆိုတော့လည်း"

"မဟုတ်ဘူးကလေးငယ် မင်းမသိလို့ သူတို့အိမ်ထောင်တွေကိုယ်စီ ထူကြတုန်းကလည်း ကို့ကိုလိုက်မလား တစ်ခွန်းမခေါ်ကြဘူး သူတို့စိတ်ချမ်းသာတဲ့လမ်းကိုရွေးကြတယ် အဲ့လမ်းမှာကို ဆိုတာ မလိုအပ်ကြဘူး အဲ့တော့ ကို့ကိုလည်း ထားပစ်ခဲ့ကြဖိူ့ဝန်မလေးကြဘူး အခုလည်း ကို့ကိုအိမ်ထောင်ချပေးချင်တာ သိပ်ဂရုစိုက်လွန်းလို့မဟုတ်ဘူး အဘွားရဲ့သေတမ်းစာအရ ကိုအိမ်ထောင်ပြုတာနဲ့ အမွေတွေက ကို့နာမည်နဲ့ရမှာ ကို့ကိုဂရုစိုက်ချင်ယောင်ဆောင်ပီး အဲ့အမွေကိုမက်နေကြတာကွ"

"အော် အဲ့တာများ သူတို့ကိုပေးလိုက်ပေါ့ ခင်များမယူရင်"

"မယူပါဘူး ဒါပေမယ့်အဘွားက ရှေ့နေရှေ့ရပ်တွေနဲ့ ထားခဲ့တော့ သူတို့လိုရာကြိုးဆွဲကဖို့ သူရဲ့ နောက်လူကပါလာတဲ့ ခလေးမနဲ့စီစဥ်တာ ကိုကငြင်းနေလို့ ခုကြအိမ်တိုင်ရာရောက် လာစီစဥ်တာ "

"အော်"

"ကို အဖွားကိုသတိရလိုက်တာကွာ "

ပြောလည်းပြော မိမိခါးကိုလှမ်းဖက်ကာ ဗိုက်၌မျက်နှာအပ်နေသူအား

"ဟ ဟိတ်လူ ခင်များဘာလုပ်တာလဲဗျ"

"ခဏ ခဏလေးပါကလေးငယ် ခဏလေးပါကွာ"

ထိုစဥ်မိမိ ဗိုက်က စိုစိစိခံစားမှုကြောင့်
"ဟင် ဒီလူငိုနေတာလား....... "

မင်းထင်မိခင်နှင့် ဖခင်အား စိတ်ဆိူးနေသည်ကတစ်ကြောင်း ၊လာနှစ်သိမ့်သူကြောင့် မျက်ရည်လွယ်သွားသည်ကတစ်ကြောင်း၊ အဘွားအားသတိရသွားသည်ကတစ်ကြောင်း ငိုမိပါသည် ဒါပေမယ့် ငိုနေတဲ့မျက်နှာအားမတွေ့ရအောင်တော့ ကလေးရင်ခွင်ထဲခတ္တ တိုးဝင်လိုက်မိလေသည်။

(A/N သူများလည်းတိုးဝင်ချင်မိပါရဲ့ ကိူမင်းထင်ရယ်)

ထိူနေရာမှာ ဘယ်လောက်ကြာအောင် ငိူမိသည်မသိ သတိရတော့

မြို့အုပ်မင်းရဲ့ဝလုံးလေးWhere stories live. Discover now