လုံးလုံးလည်း ကသောကမြောပြေးရင်း ဘကြီးအောင်တို့အိမ်ရှေ့အရောက် အိမ်ထဲမှထွက်လာသော ဘကြီးအောင်ကိုတွေ့သောအခါ
"ဟ လုံးလုံး ဘယ်လိုဖြစ်လို့ပြေးလာတုန်းကွ အမောတကော မဟုတ်မှလွဲရော မင်းအမေများ."
"ဖွဖွ မဟုတ်ပါဘူး ဦးလေးအောင်ကြီးရာ မြို့အုပ်မင်းပင့်ခိုင်းလိုက်ပါ "
"ဟေ ဘာလို့တုန်းကွ"
"ဟို ဟို... ဟိုရောက်မှကြည့်တော့ဗျာ ကျုပ်မလိမ်တတ်ဘူးဗျ "
"အော် သိပီ သီပီ ခဏ အဘဆေးအိပ်ယူလိုက်ဦးမယ် ဒါနဲ့ရေလေးဘာလေးဝင်သောက်လှည့်ဦး မင်းကြည့်ရတာမောနေပီ "
"နေပါ့စေ ဟိုရောက်မှဖြေတော့မယ် ကျုပ်ဒီကဘဲစောင့်တော့မယ် "
"အေး ကောငျးပီ "
ဦးအောင်ကြီးလည်းပြောမရသည့်အဆုံး မပြောတော့ဘဲဆေးအိပ်ကိုအမြန်ယူလို့ မြို့အုပ်မင်းဆီသို့သာ
ကွမ်းနှစ်ယာညက်လောက်အကြာမှာတော့ လုံးလုံးတို့ခြံထဲဝင်လာတာကို မင်းထင်တွေလိုက်ရလေသည်..
ေမာင်အေးလည်းဘေးနားမှာရှိနေသည်နှင့်
"မောင်အေး ခြံတံခါးသွားပိတ်ချေ ပီးရင်အရိပ်အခြေကြည့်ပီး တတ်လာခဲ့အိမ်ပေါ်ကို "
်"ဟုတ်ဆရာ "
မောင်အေးဆင်းသွားသည်နှင့် မင်းထင်လည်း လိုအပ်သည်များကိုယူဖို့ အခန်းထဲခဏဝင်လာလိုက်သည်
လုံးလုံးနဲ့ဘကြီးအောင် ခြံထဲရောက်တာနဲ့ အိမ်ပေါ်ကဆင်းလာသော ကိုမောင်အေးကိုတွေ့လေသည်
"ကိုမောင်အေး မြို့အုပ်မင်းရော"
"အေး အိမ်ပေါ်မယ်စောင့်နေလေရဲ့ တတ်သွားလိုက်ချေ ခြံတံခါးပိတ်ပီးလိုက်ခဲ့မယ်."
"ဟုတ်"
လုံးလုံးလည်း ဦးလေးအောင်ကြီးကိုခေါ်လို့အိမ်ပေါ်သို့တတ်လာလိုက်တော့သည် အိမ်ပေါ့ရောက်သည်နှင့် အဆင်သင့်အအေးခံပီးချထားသော ရေနွေးကြမ်းခွက်ကိုကိုင်လို့ တစ်ကျိုက်ထဲမော့သောက်ပလိုက်တော့သည် ထိုအခိုက်
"အတော်မှမောလာရဲ့လားကောင်လေး ကိုပြောသားဘဲ အစထဲက ခဏနားပီးမှသွားပါဆို ပြောစကားမှနားမထောင်ဘဲ မှန်း ချွေးတွေကိုရွှဲလို့ သွား ကို့အခန်းထဲမှာ အကျီတစ်စုံထုတ်ထားခဲ့တယ် သွားလဲချေ "
YOU ARE READING
မြို့အုပ်မင်းရဲ့ဝလုံးလေး
Romanceမြို့အုပ်ကြီးရဲ့သဲမှုကဲမှုအဖြာဖြာကို ဖတ်ရှုပေးကြပါဦးလို့