လုံးလုံးလည်း အမေနဲ့မနက်စာစားပီးတာနဲ့ လယ်ထဲဆင်းလာခဲ့လိုက်တယ်.. အမေလည်းသက်သာနေပီဆိုတော့ မနက်ဖြန်များကြ ဟိုမြို့အုပ်စီ သွားရပေဦးမည်.. .....
"ဟေး..လုံးလုံး ရောက်ပီလား"
"ရောက်ပီဘကြီးရေ....ကျွန်တော်ပြောစရာလေးရှိလို့ဘကြီး.. မနက်ဖြန်များကြ ကျွန်တော် မလာဘူးရယ်..."
"ဟေ....ဘာလို့လဲကွ....ကောက်ရိတ်တာ ဒီနေ့တစ်ရက်ထဲနဲ့မပီးလောက်ဘူးထင်တယ်နော်"
"မနေ့ကလက်ကျန်လေးဖြတ်ရုံဘဲဘကြီးပီးလောက်တယ်...မပီးရင်တော့လာပါ့မယ်..."
"အေးအေး မင့်သဘောလေကွယ်နော့်... "
"ဟုတ်ကဲ့ဘကြီး.. "
လယ်ပိုင်ရှင်အဘကိုခွင့်တောင်းပီးသည်နှင့်လုပ်လက်စလေးဆက်လုပ်နေလိုက်လေသည်...ထိုအချိန်
"ဟျောင့်..လုံးလုံး..မင်းကဘယ်သွားမှာလဲ ငါလည်းလိုက်မယ်လေကွာ"
"ဟာ..မြို့ကလာတဲ့ဧည့်သည်တစ်ယောက်ကို ရွာဦးစေတီလေးလိုက်ပို့မလို့ကွ မင်းကဘာလိုက်လုပ်မှာ မလိုက်နဲ့နေခဲ့ချည်"
"ဘာလဲ ကောင်မလေးမို့လို့လား မရဘူးကွာငါလည်းလိုက်ချင်တယ်. "
"မင်းကြီးတော်ကြီးက ယောက်ျားလေးဟ မင်းနဲ့မသိလို့မခေါ်တာကွ မလိုက်နဲ့ဆိုမလိုက်နဲ့ပေါ့ လျှာကိုရှည်တယ် မိချောင်းမသားက"
"အေးပါကွာ မလိုက်စေချင်မလိုက်ဘူး မင်းနောက်ရက်တွေကိုင်းထဲလိုက်ဦးမှာလား"
"မလိုက်သေးဘူးကွ.. သူကြီးကသူနွားတွေကျောင်းခိုင်းထားလို့ "
"မင်းကလည်းကွာ မလုပ်နိုင်တာပြောလိုက်ပါလား သူကြီးနွားကျောင်းလို့မင်းဘာမှရတာမဟုဘူး ကိုင်းထဲလိုက်တာကမှ မင်းရဦးမယ်"
"မရဘူးဟျောင့်ရေ အမေကိုလာပြောတော့အမေက ကူညီပေးလိုက်ပါတဲ့ ....ထားလိုက်ပါကွာတစ်ရက်နှစ်ရက်ထဲပါ သူလူအငှားရှာမယ်ပြောထားတယ် ရပီဆိုတာနဲ့ငါလည်းကျောင်းပေးစရာမလိုတော့ပါဘူး....အခုတော့အမြန်လုပ်ဟျောင့်...ညနေမစောင်းမီအမှီရိတ်ရမှာ "
"အေးပါကွာ မင်းတို့သားအမိကသဘောကိုကောင်းလွန်းတာ "
လုံးလုံးလည်းမဲမှောင်အမေးကိုဖြေရင် အမြန်ရိတ်ရလေသည် ဒီညနေအပီးရိတ်ရမယ်မို့လား
YOU ARE READING
မြို့အုပ်မင်းရဲ့ဝလုံးလေး
Romanceမြို့အုပ်ကြီးရဲ့သဲမှုကဲမှုအဖြာဖြာကို ဖတ်ရှုပေးကြပါဦးလို့